ဧရာဝတီတ်ိုင်းမ်
ဧပြီလ ၂၁ ရက်
ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့ စစ်ကောင်စီစခန်းမှစစ်ကောင်စီတပ်သား တစ်ဦးဟာ ဧပြီလ ၁၆ ရက်နေ့ ညနေ့ ၆ နာရီဝန်းကျင်တွင် လက်နက်နှင့် အတူ အလင်းဝင်ရောက်ခဲ့ကြောင်း CDF-Mara တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား လှိုင်မျိုးဦး ဆိုသူသည့် MA3 ကျည်ဘောက် ၃ ခု၊ လက် ပစ်ဗုံး၂ လုံး၊ ကျည် ၂၄၄ တောင့်နှင့်အတူ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ လာရောက်ပူးပေါင်းတဲ့သူတွေကိုနွေးနွေးထွေးထွေးကြိုဆိုနေမှာဖြစ်ပြီး၊ လက်နက်ခဲယမ်းပါနိုင်ရင်တော့ ဆုငွေလည်း ထိုက်တန်စွာ ပေးမှာပါ။ ဘေးလွတ်ရာ လွှတ်မြောက်နယ်မြေကိုလည်း တာဝန်ယူပို့ပေးမှာပါ” လို့ Chinland Defense Force – Mara တပ်ဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ဒါ့ပြင် စစ်ကောင်စီတပ်သား လှိုင်မျိုးဦးကို CDF-Mara မှ ဆုငွေ ကျပ်သိန်း ၅၀ ကို ချီးမြှင့်လိုက်ပြီး ဘေးလွတ်ရာ လုံခြုံသည့်နေရာကို ပို့ဆောင်ပြီးကြောင်း CDF-Mara တပ်ဖွဲ့က ဒီကနေ့ မတ်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားပါသေးသည်။