ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
၂၀၂၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်လာခဲ့ပါတယ်။ စစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချကာ အရပ်သားခေါင်းဆောင်တွေကို နှိပ်စက်ညှင်းပန်းမှု စတင်ခဲ့တဲ့ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံ မှာ အကြမ်းဖက်မှုတွေ
တိုးလာခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း မြန်မာနိုင်ငံမြောက်ပိုင်းရှိ ကျေးရွာတွေအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေဟာ ကြောက်မတ်ဖွယ်ရာ မြင်ကွင်းတွေဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေ ဟာ ပိုပြီး အကြမ်းဖက်သော၊ ရက်စက်ကြမ်းကြုတ်သော စစ်ပွဲတစ်ခုဖြစ်လာဖို့ နိမိတ်ပြနေပါတယ်။ ၂၀၂၁ ခုနှစ်က တည်းက အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ ရန်သူအမျိုးမျိုးကို ရင်ဆိုင်ခဲ့ရပါတယ်။
မြန် မာစစ်တပ်ရဲ့ ရန်သူတွေထဲမှာ မိတ်ဖက်ဟောင်းတွေ၊ ရန်သူဟောင်းတွေ ပါဝင်ပေမယ့် အားလုံးဟာ စစ်တပ်ကို တွန်းလှန်တိုက်ခိုက်ရာမှာ စည်းလုံးညီညွတ်လာခဲ့ပါတယ်။ မြန်မာစစ်သားတွေဟာ ကင်းလှည့်ရာမှာ တောင် ဘေးကင်းလုံခြုံမှုမရှိတော့ပါဘဲ မကြာခဏဆိုသလို ခြုံခိုတိုက်ခိုက်တာတွေ ခံနေရပါတယ်။ ဒါပေမယ့် မြန် မာစစ်တပ်မှာ ပြဿနာကိုဖြေရှင်းဖို့ အဖြေတစ်ခုရှိပါတယ်။
အဲဒါကတော့ အရပ်သားတွေကို လေကြောင်းမှတိုက်ခိုက်တာနဲ့ တော်လှန်ရေးသမားတွေရဲ့ တိုက်ခိုက် တာမခံရအောင် ကင်းလှည့်ချိန်မှာ အရပ်သားတွေကို လူသားဒိုင်းတွေအဖြစ် အသုံးပြုတာပဲဖြစ်ပါတယ်။ အမှန်တ ရားတစ်ခုမှာ အာဏာသိမ်းစစ်ကောင်စီဟာ အင်အားချိနဲ့လာပြီး အတိုက်အခံတွေကို အကြမ်းဖက် ဖြိုခွင်းရာမှာ တရုတ်နဲ့ရုရှားလိုမျိုး ပြည်ပနိုင်ငံတွေရဲ့ ထောက်ပံ့မှုကို အလွန်အမင်း မှီခိုနေရပါတယ်။
မြန်မာစစ်တပ်က လေကြောင်းအင်အားအပေါ် မှီခို နေတာကြောင့် နိုင်ငံတကာရဲ့အကူအညီနဲ့ လေယာဉ် ဆီတင်သွင်းမှု ပိတ်ပင်တာမျိုးနဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ အကြမ်းဖက်မှုတွေကို လျှော့ချနိုင် တယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူတာ၊ စစ်လက်နက် တင်သွင်းမှု ပိတ်ပင်တာတွေ လုပ်ဆောင်ရပါတယ်။
မြန်မာနိုင်ငံရှိ စာသင်ကျောင်းတွေ၊ ကျေးရွာတွေဟာ စစ်တပ်ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံ နေရတာကြောင့် အခုလိုမျိုး အရေးယူမှုတွေရှိလာရင် အကျိုးကျေးဇူးရရှိမှာဖြစ်ပါတယ်။ နိုင်ငံတကာသံတမန်တွေ က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို အသိအမှတ်ပြုဖို့ တွန့်ဆုတ်နေတာကြောင့် ပြန်လည်စဉ်းစားဖို့ အခွင့်အရေးတစ်ခု ရှိလာပြီဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ပြောဆိုထားတာထက် ပိုင်နက်နယ်မြေစိုးပိုင်မှု မရှိတော့သလို မြေ ပြင်မှာ အလူးအလဲ ရှုံးနိမ့်နေတယ်လို့ ဆိုရပါမယ်။ ဘာကြောင့် အခုလိုပြောနိုင်လဲဆိုတော့ အချက် ၂ ချက် ရှိနေပါ တယ်။ အာဏာသိမ်းမှုနောက်ပိုင်း ၂ နှစ်အတွင်း မြန်မာစစ်တပ်ဟာ တိုင်းပြည်ကို မထိန်းချုပ်နိုင်တော့ပါဘူး။ မြန် မာစစ်တပ်ကို တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဟာ အာဏာသိမ်းမှုကြောင့် အချင်းချင်း ပိုမို စည်း လုံးလာခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ စစ်ပွဲမှာ အနိုင်ရရှိနေတယ်ဆိုတာ မဟုတ်ပါဘူး။ အာဏာသိမ်းစစ်ကောင်စီဟာ တရား ဝင်မှုနဲ့ပတ်သက်လို့ အကျိုးရှိခဲ့တာရှိပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ပြည်ပရှိ စစ်ကောင်စီအဖွဲ့ဝင်တွေ ကို လက်ခံဖို့ သောကပွားနေရပါတယ်။ ၂၀၁၇ ခုနှစ်မှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံမှ ထွက်ပြေး ခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးကို စစ်ကောင်စီက ဟန်ပြ ဖြေရှင်းပြနေပါတယ်။
အမှန်တရားတစ်ခုမှာ မြန်မာစစ်တပ်ဟာ အာဏာမရှိတော့သလို အရေးကြီးဆုံးမှာ နယ်မြေစိုးပိုင်မှု မရှိ တော့ပါဘူး။ ဒါဟာ မြန်မာစစ်တပ်က လက်မခံချင်တဲ့ ခါးသီးသော အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ အရှိန်မြှင့်လာခဲ့တာဖြစ်ပါတယ်။ စစ် ကောင်စီရဲ့ အကြမ်းဖက်မှုတွေဟာ စစ်ပွဲမှာ မြန်မြန်ဆန်ဆန် အနိုင်ရဖို့ ကြိုးပမ်းမှုတစ်ခုလည်း ဖြစ်ပါတယ်။
ကမ္ဘာကြီးကလည်း မြန်မာ့အရေးကို စိတ်ဝင်စားမှု မပြခဲ့ပါဘူး။ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုး လာတာဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ စစ်ကောင်စီကို အရေးယူဖို့ ပျက်ကွက်မှုကြောင့်လည်းဖြစ်ပါတယ်။ စစ်ကောင်စီနဲ့ အာဏာရှင်တွေက ပြည်တွင်းစစ်ကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ထပ်မံမဖြစ်အောင် တားဆီးရမှာက ကမ္ဘာကြီးရဲ့အလုပ်ဖြစ်ပါတယ်။ မြန်မာ့အရေးကို ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့နဲ့ တရားဝင် ဖျန်ဖြေတာက လက်တွေ့မကျသလို အလိုမရှိပါဘူး။ မြန်မာ့အရေးကို သံတမန်ရေးနဲ့ စီးပွားရေးအရ ဒဏ်ခတ်အရေးယူမှုတွေမှသာ ဖြေရှင်းသင့်ပါတယ်။
စစ်ကောင်စီရဲ့ သံတမန်ဆိုင်ရာ အသိအမှတ်ပြုခန့်အပ်လွှာတွေ ရုတ်သိမ်းတာနဲ့ လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်တာဟာ လူ့အသက်ပေါင်းများစွာကို ကယ်တယ်နိုင်တဲ့ လုပ်ရပ်တွေပဲဖြစ်ပါတယ်။ ဒါဟာ အနာဂတ် မြန်မာ နိုင်ငံအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက စဉ်းစားရမယ့် အချက်တွေပဲဖြစ်ပါတယ်။
Eurasia Review ဝဘ်ဆိုဒ်ပါ ဆောင်းပါးရှင် ဒေါက်တာ အဇင်းအီဘရာဟင်ရဲ့ Myanmar’s military increasing its violence due to lack of control ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။ ဆောင်းပါးရှင်ဟာ ဝါရှင်တန် မြို့တော်အခြေစိုက် Newlines Institute for Strategy and Policy ရဲ့ ဒါရိုက်တာတစ်ဉီးဖြစ်ပါသည်။