ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ဆိပ်ဖြူမြို့နယ်အတွင်း ကျေး ရွာများမှ ဆောမြို့နယ်အတွင်းစစ်ဘေးရှောင်လာသည့် ဒေသခံ ၄၀၀ ကျော်အတွက် အကူအညီများအရေးပေါ်လိုအပ်နေကြောင်း စစ်ဘေးရှောင်ကူညီပေးနေသူများထံကသိရသည်။

ဇူလိုင်လ ၇ ရက်နေ့က ဆိပ်ဖြူမြို့နယ်၊ဆော-ဆိပ်ဖြူလမ်း အိုင့်ကြီးရွာ၊ စိုက်ခင်းရွာနှင့် ဖလံမရွာ များကိုစစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ဒေ သကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဖြစ် ပွားပြီးနောက် အဆိုပါရွာများမှ ဒေသခံအများအပြားစစ်ဘေးရှောင်ထွက်ပြေးနေရခြင်းဖြစ် သည်ဟုဆိုသည်။

၄င်းစစ်ဘေးရှောင်များအတွက် အစားအသောက်၊ဆေး ဝါးနှင့်နေရာထိုင်ခင်းများအတွက်အရေးပေါ်အကူအညီများလိုအပ်နေပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားလာနိုင်သဖြင့် နေရပ်ပြန်၍မရသေးကြောင်း သိရသည်။

” အဲ့ဒီရွာတွေဘက်ကို စစ်ကြောင်းထိုးပြီးမွှေနှောက်နေတဲ့စစ်ကြောင်းနဲ့တိုက်ပွဲဖြစ်ပြီး ဒီဒေသခံတွေက ဆောနယ် ဘက်ကိုထွက်ပြေးလာတာပေါ့။ ရောက်နေတာ ၅ ရက်လောက်ရှိပြီ၊ ခုက ၄၀၀ ကျော်ထပ်များလာဖို့ရှိမယ်။

ခုလတ်တလောကပြန်ဖို့လည်းအဆင်မပြေဘူး။မိုးကာ ခြင်ထောင် အစားအသောက် ဆေး ဝါးတွေလိုအပ်နေတာပါ။ တတ်နိုင်သလောက်တော့ ရှာဖွေ ကူညီထားပါတယ်။ ရက်ရှည်လာရင်တောစိတ်ပူရတယ်” ဟု စစ်ဘေးရှောင်များကိုကူညီပေးနေသူဒေသခံတဦးက ဧရာဝတီတိုင်းမ်ကိုပြော သည်။

ဒေသတွင်းတိုက်ပွဲတွေအချိန်မရွေးဖြစ်လာနိုင်သဖြင့် ယခုရက်ပိုင်းအတွင်း ဆော-ဆိပ်ဖြူလမ်းပိုင်းကိုလည်း အသုံးမပြုရန်ဒေသကာကွယ်ရေးတပ်များက သတိပေးထုတ်ပြန်ထားကြောင်းသိရသည်။

လက်ရှိတွင် ဆောနှင့်ဆိပ်ဖြူမြို့နယ်ထိစပ်နေရာတွင် နှစ်ဘက်စစ်ရေးတင်းမာမှုများရှိနေပြီး စစ်ကောင်စီတပ်၏ ဆိပ်ဖြူမြို့နယ် ကဇွန်းမရွာ အခြေ စိုက် ကပစ ၂၁၊ နှင့် လေကြောင်းရန်ကာကွယ်ရေးတပ်ရင်း လကတ ၂၀၃၆ ၊ ရွှေဘိုးကျွန်းရွာအခြေ စိုက် ကပစ ၂၂ တပ်များမှစစ်အင် အားတိုးမြှင့်ကာ စစ်ကြောင်းထိုးခြင်းများလုပ်ဆောင်နေကြောင်း ဒေသခံများထံကသိရသည်။