ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၂ ရက်

လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မနေ့က လူအုပ်ကို လူစုခွဲခဲ့တာကြောင့် လူအချို့ ဒဏ်ရာရရှိခဲ့တယ်လို့ ကျေးလက်ဘဏ်အချို့က အပ်နှံငွေတွေ ထိန်းချုပ်ထားမှုနဲ့ပတ်သက်ပြီး တရုတ်နိုင် ငံ ကျောင်ကျိုးမြို့မှာ ဆန္ဒပြနေသူတွေက ပြောပါတယ်။

အဲဒီ တရုတ်ဘဏ်ခြောက်ခုက ပြီးခဲ့တဲ့ ဧပြီလအတွင်း ဒေါ်လာ ဘီလီယံချီတဲ့ အပ်နှံငွေတွေကို ထိန်းချုပ်ခဲ့ ပြီး ဘဏ်ဝန်ဆောင်မှုစနစ်တွေ အဆင့်မြှင့်တင်နေတယ်လို့ ငွေအပ်နှံသူတွေကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဘဏ်တွေက ဘာအကြောင်းကြားမှုမျှ မပြုလုပ်ခဲ့ဖူးလို့ ငွေအပ်နှံထားသူတွေက ပြောပါတယ်။ သိမ်းဆည်းခံထားရတဲ့ အပ်နှံငွေပမာဏက ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရှိနိုင်ပြီး အာဏာပိုင်တွေက ဘဏ် သုံးခုကို စုံစမ်းစစ်ဆေးနေတယ်လို့ တရုတ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီဘဏ်တွေကို အရေးယူပေးဖို့ လူပေါင်း ၁၀၀၀ လောက်ဟာ မနေ့က ကျောင်ကျိုးမြို့တော်က တရုတ် ဗဟိုဘဏ်ရုံးခွဲအပြင်ဘက်မှာ စုဝေးခဲ့ကြပါတယ်။ “ကျွန်တော် စိတ်ထိခိုက်လွန်းလို့ ခင်ဗျားကို ရှင်းမပြတတ်တော့ဘူး” လို့ မျိုးရိုးအမည် ကျောင်ဆိုတဲ့ အ သက် ၄၀ နှစ်အရွယ် ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။ ကျောင်က Zhecheng Huanghuai Community Bank မှာ အပ်နှံထားတဲ့ ဒေါ်လာ ၂၅၀၀၀ နဲ့ညီမျှတဲ့ ယွမ် ၁၇၀၀၀၀ ကို ထုတ်ယူခွင့်ရဖို့ မျှော်လင့်နေတယ်လို့ ပြောပါ တယ်။

နေ့လည်ဝန်းကျင်မှာ အရပ်ဝတ် လုံခြုံရေးတပ်ဖွဲ့ဝင်လေးဦးက သူ့ကို ဆွဲခေါ်သွားတာကြောင့် ခြေ ထောက်နဲ့လက်မမှာ ဒဏ်ရာတွေရရှိခဲ့တယ်လို့ ကျောင်က ပြောပါတယ်။ Yuzhou Xinminsheng Village Bank နဲ့ Shanhcai Huimin Country Bank တွေ အပါအဝင် ဘဏ်အ ချို့ကို တရားမဝင် ငွေကြေးမတည်မှုနဲ့ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ်လို့ နိုင်ငံပိုင် ဂလိုဘယ်လ်တိုင်းမ် သတင်းစာက ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံတစ်ဝှမ်းက ဘဏ်ငွေအပ်နှံသူ ၁၀၀၀ ကျော်က ပြီးခဲ့တဲ့လအတွင်း ကျောင်ကျိုးမြို့မှာ ၄င်းတို့ အပ်နှံထားတဲ့ ငွေကြေးထုတ်ယူခွင့်ရရှိရေး ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါစည်းမျဉ်းတွေ ကြောင့် အထမမြောက်ခဲ့ပါဘူး။

ကိုးကား – Reuters
Ref; Chinese Protesters Demanding Bank Deposits Tussle With Security Men