ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား ရိုဟင်ဂျာအရေး စေ့စပ်ညှိနှိုင်းမှုမှာပါဝင်တဲ့ တရုတ်နိုင်ငံနဲ့ မကြာသေးမီက ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ပြီးနောက် ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး စောလျင်စွာ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အဗ္ဗဒူမိုမန်က ပြောကြားလိုက်ပါတယ်။
“ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ပြန်ပို့ရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံသို့ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဒါကာမြို့တော်မှာ တ ရုတ် အထူးကိုယ်စားလှယ် တန်ကျိကျန်နဲ့ တွေ့ဆုံပြီးနောက် မိုမန်က ပြောကြားခဲ့ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေး အဆင်ပြေစေဖို့ လုပ်ဆောင်နေပေမယ့် နေရပ်ပြန်ရေးလုပ်ငန်းစဉ် စတင်မဲ့ ရက်ပြောကြားဖို့ မဖြစ်နိုင်သေးဘူးလို့ သူက ဆိုပါတယ်။
“ရိုဟင်ဂျာတွေ မကြာမီ နေရပ်ပြန်ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ဒါကာမြို့တော်ရှိ နိုင်ငံ ခြားရေးတက္ကသိုလ်မှာ အခမ်းအနားတစ်ခု တက်ရောက်ပြီးနောက် မိုမန်က ပြောကြားခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာကြား ဆွေးနွေးမှုတွေ အဆင်ပြေချေမွေ့စေဖို့ တရုတ်နိုင်ငံက ဆက်လက်ကြိုးပမ်း နေတယ်လို့ သူက ဆိုပါတယ်။
၂၀၁၇ ခုနှစ်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ၁ ဒသမ ၁ သန်းကျော်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက လက်ခံထားရပါတယ်။
မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်ဖြိုခွင်းမှုကို ကုလသမဂ္ဂက လူမျိုးသုဉ်းသန့်စင်မှု၊ လူ့ အခွင့်အရေးအဖွဲ့တွေက လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ခေါ်ဆိုခဲ့ပါတယ်။
ကိုးကား – BSS News
Ref; Momen hopes for early Rohingya repatriation