ဧရာဝတီတိုင်းမ်
ဧပြီလ ၂၀ ရက်
ရုရှားဒုံးကျည်တွေနဲ့ ယူကရိန်းနိုင်ငံရှိ မြို့တော်ကြီးတွေကို တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ ပျက်စီး ခဲ့ရတာကို ယူကရိန်းခေါင်းဆောင်တွေ မြင်တွေ့ခဲ့ရပါတယ်။
ယူကရိန်းခေါင်းဆောင်တွေဟာ ရုရှားရဲ့ ဒုံးကျည်တိုက်ခိုက်မှုကို ကာကွယ်ဖို့ အနောက်နိုင်ငံတွေထံမှ လေ ကြောင်းရန်ကာကွယ်ရေးစနစ်တွေ အကူအညီတောင်းခံခဲ့ရာ မနေ့က ပထမအသုတ် ပက်ထရီးယော့ဒုံးခွင်းစနစ် တွေ လက်ခံရရှိခဲ့ပါတယ်။
အမေရိကန်နိုင်ငံက ထုတ်လုပ်တဲ့ ပက်ထရီးယော့ဒုံးခွင်းစနစ်ဆိုသည်မှာ ဂျက်တိုက်လေယာဉ်တွေ၊ ခရုဇ် ဒုံးကျည်တွေ၊ တာတိုပဲ့ထိန်းဒုံးကျည်တွေကို ပစ်မှတ်ထားနိုင်ပါတယ်။ ပထမအသုတ် ပက်ထရီးယော့ဒုံးခွင်းစနစ်ကို အမေရိကန်၊ ဂျာမနီနဲ့ နယ်သာလန်နိုင်ငံတွေထံမှ ရရှိခဲ့တာဖြစ်ပါတယ်။
ယူကရိန်းခေါင်းဆောင်တွေက ပက်ထရီးယော့ဒုံးကျည် အရေအတွက် မည်မျှအထိ လက်ခံရရှိခဲ့သည်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေမယ့် ယူကရိန်းဝေဟင်တွေဟာ ပိုပြီး ဘေးကင်းလုံခြုံပြီလို့ ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရက်ဇ်နီကော့ဗ်က ပြောပါတယ်။
ယူကရိန်းသို့ ဒေါ်လာ ၃၂၅ သန်းတန်ကြေးရှိ အမြောက်ကျည်ဆံတွေ အပါအဝင် ခဲယမ်းမီးကျောက်တွေ ထောက်ပံ့မယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတွေက ဧပြီလ ၁၉ ရက်မှာ ကြေညာခဲ့ပါ တယ်။
အခုလိုမျိုး စစ်လက်နက်တွေရရှိရေး ကြိုးပမ်းရာမှာ နှောင့်နှေးမှုတွေကြောင့် ယူကရိန်းသမ္မတ ဇီလန်စ ကီးက မချင့်မရဲဖြစ်ခဲ့ပါတယ်။
ဇီလန်စကီးဟာ မနေ့က ရုရှားရဲ့ အနီးကပ်ဆုံးမဟာမိတ် ဘီလာရုစ်နိုင်ငံနဲ့ထိစပ်နေတဲ့ နယ်စပ်ဒေသဖြစ် တဲ့ ဗိုလင်းဒေသသို့ သွားရောက်ခဲ့ပြီး ရုရှားရဲ့ထိုးစစ်ဆင်မှုကို ရပ်တန့်ဖို့ပြင်ဆင်မှုတွေကို ကြည့်ရှုစစ်ဆေးခဲ့ပါ တယ်။
ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂျီရှိုင်ဂူကလည်း မနေ့က ကာလူဂါဒေသရှိ မဟာဗျူဟာမြောက် ဒုံးကျည် အခြေစိုက်စခန်းတစ်ခုသို့ သွားရောက်ခဲ့ပါတယ်။
ယူကရိန်းနိုင်ငံသို့ ပက်ထရီးယော့ဒုံးခွင်းစနစ် ထောက်ပံ့တာဟာ ရန်စတဲ့အပြုအမူဖြစ်ကာ မခန့်မှန်းနိုင် သော အကျိုးဆက်တွေ ဖြစ်လာနိုင်တယ်လို့ ရုရှား တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။
ကိုးကား – NHK
Ref; Ukraine’s allies deliver Patriot missile systems