ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

ဧရာဝတီတိုင်းအတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုင်းရင်းသားဒေသတွေမှာလို့ တိုက်ခိုက်ပေးဖို့ အတွက် ဒေသခံတွေလိုလားနေတယ်လို့ သိရပါတယ်။

သင်္ကြန်ကာလအတွင်း ဧပြီလ ၁၇ ရက်နေ့က မော်လမြိုင်ကျွန်းမြို့နယ်က စစ်ကောင်စီတပ် အမှတ် (၅၃၄) တပ်ရင်းဝန်းနဲ့ မြန်အောင်မြို့နယ်က ခလရ (၅၁)တပ်ရင်းဝန်းထဲကို ဗုံးပစ်လောင်ချာတွေနဲ့ထုတဲ့ အပေါ်မှာလည်း အားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

”ပြောရရင် ဒီကောင်တွေသီးသန့်ရှိတဲ့နေရာမျိုးတွေကို ခုလိုထိထိရောက်ရောက်တိုက်တာမျိုး ပိုသဘောကျတယ်၊ နောက်ဆို ဧရာဝတီတိုင်းက ငြိမ်နေတာ ဒလန်တိုင်းဆိုပြီး အပြောခံနေရတာ မျက်နှာငယ်ရတယ်၊ ခုလိုမျိုးတိုက်ပေးနေတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”လို့ မော်ကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေအနေနဲ့ စစ်ကောင်စီ တပ်တွေကို ပိုမိုအားစိုက်တိုက်ပေးနိုင်ဖို့အတွက်လည်း ပြည်သူတွေအနေနဲ့ တက်နိုင်သလောက် ပါဝင် ထောက်ပံ့ လှူပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ၂၀၂၃ ခုနှစ် မတ်လပိုင်းက စတင်ပြီး စစ်ရေးပစ်ခတ်တိုက်ခိုက်တာတွေ များပြားလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

#ဧရာဝတီတိုင်း #စစ်ကောင်စီတပ် #ပိုမိုတိုက်ခိုက်ဖို့ #ဒေသခံများတောင်းဆို #Ayeyarwaddy_Times