ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

ဂျပန်အပန်းဖြေစခန်း ကာရူဇာဝါမြို့မှာပြုလုပ်တဲ့ သုံးရက်ကြာ အစည်းအဝေးအပြီးမှာ G7 နိုင်ငံခြားရေး ဝန်ကြီးတွေက ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ယူကရိန်းကျူးကျော်စစ်ကြောင့် ရုရှားကို ဒဏ်ခတ်အ ရေးယူမှု တိုးမြှင့်ဖို့ ကတိပြုကာ ထိုင်ဝမ်ရေလက်ကြား လုပ်ရပ်တွေကြောင့် တရုတ်ကို ပြစ်တင်လိုက်ပြီး ဆူဒန်နဲ့ မြန်မာမှာ အကြမ်းဖက်မှုတွေ တိုးလာတာကို ရှုတ်ချလိုက်ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးတွေက မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်ကို ဝေဖန် ကာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး NGO နဲ့ ကုလ သမဂ္ဂမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေအပေါ် ပိတ်ပင်ထားတာ ပယ်ဖျက်ဖို့ တောင်းဆိုလိုက်ပါတယ်။

G7 အဖွဲ့ကို စက်မှုဖွံ့ဖြိုးပြီး ကမ္ဘာ့အင်အားကြီး အမေရိကန်၊ ဂျပန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်၊ အီတလီ၊ ကနေဒါနိုင်ငံတွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာမှာ စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ဆက်လက် ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို G7 နိုင်ငံခြားရေးဝန်ကြီးတွေက ရှုတ်ချခဲ့ပါ တယ်။

မြန်မာနိုင်ငံမှာ လုံခြုံရေးအခြေအနေနဲ့ လူသားချင်းစာနာမှု အခြေအနေ ဆိုးရွားလာတာနဲ့ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိတယ်လို့ G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲထုတ်ပြန်ချက်က ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အရပ်သားတွေအပေါ် အ
ကြမ်းဖက်မှုတွေ ကျူးလွန်တာကို ချက်ချင်း ရပ် တန့်ဖို့လည်း ပူးတွဲထုတ်ပြန်ချက်က တောင်းဆိုထားပါတယ်။

ကိုးကား – Aljazeera
Ref; G7 ministers pledge to intensify Russia sanctions, slam China