နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ-KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးသည် ယမန်နေ့ ဧပြီလ ၁၈ ရက်က ထိုင်း-မြန်မာနယ်စပ်ဆေးရုံကြီးတွင် ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်အရ ဆေးကုသမှုခံယူလျက်ရှိကြောင်း KNU ထံက သိရသည်။
ဥက္ကဋ္ဌသည် သွေးတိုးရောဂါဖြင့် ထိုင်းနယ်စပ်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသမှု ခံယူနေရရခြင်းဖြစ်ကြောင်း သိရသည်။
“ဘာမှထူးထူးခြားခြား မဖြစ်ပါဘူး။ ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ခံယူတာပဲလို့ သိရတယ်” ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အသက် ၉၀ နှစ်အရွယ်ရှိပြီဖြစ်သည့် ကေအဲန်ယူ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုးသည် ယခုအခါတွင် ပြန်လည်ကျန်းမာလာပြီး အနားယူလျှက် ရှိကြောင်း သိရသည်။
#ကေအဲန်ယူဥက္ကဋ္ဌ #ဗိုလ်ချုပ်ကြီးစောမူတူးဆေးဖိုး #ဆေးကုသမှုခံယူ #Ayeyarwaddy_Times