ဧရာဝတီတိုင်းမ်
ဧပြီလ ၁၉ ရက်

ဆူဒန်နိုင်ငံမှာ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ကြား
လိပ်ခဲတည်းလည်းအခြေအနေ ဆက်လက်ဖြစ်နေပြီး တိုက်ပွဲတွေကြောင့် အရပ်သား ၉၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဆူဒန်စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ RSF တပ်ဖွဲ့ကြား ပြီးခဲ့တဲ့စနေနေ့က တိုက်ပွဲတွေ ဆက်လက်ဖြစ် ပွားခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် အရပ်ဘက်အုပ်ချုပ်ရေးကို ပြန် သွားဖို့ရည်ရွယ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို RSF တပ်ဖွဲ့က မကျေနပ်မှုတွေ ကြီးမားလာခဲ့တာပါ။

မနေ့က ဆူဒန်နိုင်ငံမြို့တော် ခါတွမ်မှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသန္တရမီဒီယာတွေက ဖော်ပြခဲ့ ပြီး နိုင်ငံမြောက်ပိုင်းရှိ မြို့တစ်မြို့မှာ လေဆိပ်ထိန်းချုပ်ရေးအတွက် နှစ်ဖက်တပ်ဖွဲ့တွေ တိုက်ခိုက်ခဲ့ကြပါတယ်။

အရပ်သား ၉၀ ကျော် သေဆုံးခဲ့ပြီး စစ်သားတွေ အပါအဝင် လူ ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံ ဆရာဝန်တွေနဲ့ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုက ပြောပါတယ်။

ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ဒဏ်ရာရရှိသူအချို့ကို ဆေးရုံများသို့ မပို့ဆောင်နိုင်ဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။

RSF အဖွဲ့ကို ဖျက်သိမ်းဖို့နဲ့ သူပုန်အဖွဲ့အဖြစ် သတ်မှတ်ဖို့ စစ်တပ်အကြီးအကဲက ဧပြီလ ၁၇ ရက်မှာ ညွှန် ကြားခဲ့တယ်လို့ ဆူဒန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ဆူဒန်စစ်တပ်ဟာ အပြစ်မဲ့ပြည်သူတွေကို တိုက်ခိုက်နေတယ်လို့ RSF က စွပ်စွဲခဲ့ပြီး ပြည်သူတွေအပေါ် တိုက်ခိုက်တာကို လက်သင့်မခံဘူးလို့ ပြောပါတယ်။

ကိုးကား – NHK
Ref; Sudan civilian death toll exceeds 90 amid military clashes