ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့မှာ ဧပြီလ ဒုတိယပတ်(သင်္ကြန်ကာလ)အတွင်း လူမှုကွန်ယက်(Facebook)မှာ အနက်ရောင် ပရိုဖိုင် (Profile) ချိန်းသူအချို့ကို စစ်ကောင်စီလက်အောက်ခဲရဲတပ်ဖွဲ့ကဖမ်းဆီးမှုတွေရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ပုသိမ်မှာ ဧပြီလ ၁၁ ရက်နေ့က ပဇီကြီးကျေးရွာကို လေကြောင်းတိုက်ခိုက်ခံရလို့ ကျဆုံးသူတွေကို၀မ်းနည်းတဲ့အနေနဲ့ Profileချိန်းတဲ့လူတွေကို ဒလန်တွေက မှတ်ပြီး စစ်လော်ဘီ တယ်လီဂရမ် Groupတွေကို ပို့ပြီးတိုင်လို့ ဖမ်းတာ အနည်းဆုံး ၄ ဦးလောက်တော့အဖမ်းခံထားရတယ်။ လူတွေသေလို့၀မ်းနည်းတဲ့အနေနဲ့ချိန်းကြတာတောင် ၀မ်းနည်းလို့မရအောင်ကိုဖိနိပ်ခံနေရတယ်”လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့၀င်တွေဟာ ပုသိမ်မြို့က လူမှုကွန်ယက် Facebook သုံးစွဲသူတစ်ချို့ကို စောင့်ကြည့်မှုများပြုလုပ်နေပြီး သင်္ကြန်ပွဲတော်အပေါ် ဝေဖန်မှတ်ချက်ရေးသားသူ အမျိုးသားတစ်ဦးကို ဧပြီလ၁၄ရက်နေ့က ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေသိရပါတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို သင်္ကြန်ရုံးပိတ်ရက်ဖြစ်တာကြောင့် အမှုဖွင့်ထားခြင်းမရှိသေးတာကြောင့်မိသားစု၀င်တွေကသက်ဆိုင်ရာရဲစခန်းတွေမှာ ငွေကြေးနဲ့လိုက်လံညှိနိူင်းပြီးလွှတ်ဖို့ကြိုးစားနေကြတယ်လို့သိရပါတယ်။
ပုသိမ်မြို့မှာ ပြီးခဲ့တဲ့မတ်လအတွင်း စစ်တပ်လော်ဘီ တယ်လီဂရမ် Group တွေကနေက စစ်ကောင်စီကို ဆန့်ကျင်တဲ့စာများ လူမှုကွန်ယက်မှာ တင်တယ်လို့စွပ်စွဲခံရပြီးအမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦးထိ ဖမ်းဆီးခံထားရပြီးအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ အိီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေတွေနဲ့တရားစွဲထားတယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။