ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်

ကလေးငယ် ၃၅ ဉီး အပါအဝင် လူပေါင်း ၁၆၈ ဉီး သေဆုံးခဲ့တဲ့ မကြာသေးမီက စစ်ကောင်စီရဲ့ လေ ကြောင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိစေဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ထပ်မံ ဝတ်ပြုဆုတောင်းပေးလိုက်ပါတယ်။

အီစတာပွဲတော်အပြီး နှစ်ရက်အကြာ ဧပြီလ ၁၁ ရက်မှာ စစ်ကောင်စီက မြန်မာနိုင်ငံအလယ်ပိုင်း စစ် ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု လုပ် ဆောင်ပြီးနောက် ပုပ်ရဟန်းမင်းကြီးက အခုလို မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။

ပဋိပက္ခဘေးသင့် ဒေသတွေက ခရစ်ယာန်ဘာသာဝင်တွေဟာ တိုက်ပွဲတွေကြောင့် အီစတာပွဲတော်ကို မတက်ရောက်နိုင်ခဲ့သလို ထောင်ချီတဲ့ ခရစ်ယာန်ဘာသာဝင်တွေဟာ ယာယီ စစ်ဘေးရှောင်စခန်းတွေမှာ ဝတ်ပြုခဲ့ ရတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီက အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာကို ကမ္ဘာ့နိုင်ငံတွေက အပြင်းအထန် ရှုတ်ချခဲ့ပေမယ့် ရုရှားနဲ့တရုတ်ရဲ့ ကန့်ကွက်မှုတွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကတော့ ကန့်ကွက်တဲ့ ကြေညာချက်တောင် မထုတ်ပြန်နိုင်ခဲ့ပါဘူး။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ သူ နှစ်သက် တဲ့တိုင်းပြည်တစ်ခုဖြစ်တာကြောင့် မြန်မာ့အရေးနဲ့ပတ်သက်လို့ ကြိမ်ဖန်များစွာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးက အကြမ်းဖက်မှုတွေ ရပ်ဆိုင်းဖို့၊ ထိန်းသိမ်းထားသူအားလုံးကို လွှတ်ပေးဖို့၊ ငြိမ်းချမ်း ရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် ဆွေးနွေးမှုတွေပြုလုပ်ဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ လူဉီးရေ ၅၄ သန်းခန့်ရှိပြီး လူဉီးရေရဲ့ ၈၈ ရာခိုင်နှုန်းနီးပါးက ဗုဒ္ဓဘာသာဝင်တွေဖြစ်ကာ ၆ ဒသမ ၂ ရာခိုင်နှုန်းက ခရစ်ယာန်တွေဖြစ်ပါတယ်။

ကိုးကား – UCA News
Ref; Pope again calls for peace in Myanmar