ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်
ဧရာ၀တီတိုင်း၊ မော်လမြိင်ကျွန်းမြို့နယ်ကအမှတ် (၅၃၄) ခြေမြန်တပ်ရင်းကို ဧပြီလ ၁၇ ရက်နေ့က ဗုံးပစ်လောင်ချာများနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဧရာဝတီ လင်းပိုင်မော်ကျွန်းအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ဧရာဝတီလင်းပိုင်မော်ကျွန်းနှင့် မော်ကျွန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ပူးပေါင်းကာ ည ၉ နာရီ ၃၀ မိနစ်ခန့်က အဆိုပါတပ်ရင်းအား 79 ဗုံးပစ်လောင်ချာ ၄၀ မမ ဗုံးသီးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့တယ်လို့သူတို့ရဲလူမှုကွန်ယက်ကနေသတင်းထုတ်ပြန်ထားပါတယ်။
“ညက ပေါက်ကွဲသံတစ်ချို့တော့ကြားပါတယ်။ မြို့ထဲမှာလဲ ရေခဲစက်က ဂါတ်အိုးပေါက်တဲ့ဖြစ်စဥ်လဲဖြစ်သွားတော့ အဲ့ကအသံထင်တာ။ မနက် PDF ကထုတ်ပြန်တော့မှ သိတာ။ PDFတွေ ခုလို စစ်တပ်ဌာနချုပ်တွေကိုတိုက်ခိုက်လာတာ၀မ်းသာဖို့ကောင်းတယ်”လို့ မြို့ခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောပါတယ်။
ရန်သူ့တပ်ဝန်းဖြစ်သည့်အတွက် အတွင်းပိုင်းပျက်စီးမှု အခြေအနေအသေးစိတ်ကို တိကျစွာမသိရသေးဘူးလို့ဆိုထားပြီး တော်လှန်ရေးရဲဘော်များအထိခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းကြေငြာချက်မှာပါရှိပါတယ်။
ဧပြီလ ၁၇ ရက်နေ့ မနက်ပိုင်းကလည်း မြန်အောင်မြို့နယ်က အမှတ်(၅၁)ခြေလျှင်တပ်ရင်းကို
ဧရာလှိုင်းစစ်ဆင်ရေးအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဟင်္သာတခရိုင်တပ်ရင်းကဗုံးပစ်လောင်ချာများနဲ့ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။
#မော်လမြိုင်ကျွန်း #စစ်ကောင်စီတပ် #တိုက်ခိုက်ခံရ #Ayeyarwaddy_Times