ဧရာဝတီတိုင်းမ်
(ကနီ)၊ ဧပြီလ ၁၈ ရက်
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ စစ်ကောင်စီတပ် တာဝါတိုင်စခန်းကုန်းအား ယမန်နေ့ ဧပြီ ၁၇ ရက်နေ့ နံနက် ၈ နာရီဝန်းကျင်တွင် ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကာကွယ်ရေး ဝန်ကြီးဌာန (MOD) က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သား အင်အား ၃၀ ဝန်းကျင်ခန့်ရှိ အဆိုပါတာဝါတိုင်စခန်းအား နံနက် ၇ နာရီ ၄၀ မိနစ်မှ နံနက်၈ နာရီအထိတိုက်ခိုက်ခဲ့ရာ စခန်းသိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။
” အဲ့ဒီတိုက်ပွဲမှာ ကျွန်တော်တို့ဆီက ရဲဘော်တစ်ဦးကျဆုံးပြီး ရဲဘော် ၁၀ ဦးထိခိုက် ဒဏ်ရာရတယ်လို့သိရတယ်” တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ MA-2. သုံး လက်၊ MA-11 ခြောက်လက်၊ MA-3 ငါးလက်၊ MA-4 တစ်လက်၊MA ကျည်ဘောက် ရှစ်ခု၊ ၅.၅၆ ကျည်ဆံ ၉၃၈၀ တောင့်၊ 60mm – ပြောင်းတို တစ်လက်၊ 60 mm ဗုံးသီး ၅၀ လုံး၊ 40 mm ဗုံးသီး ၅၇ လုံး၊ လက်ပစ်ဗုံးသီး ၅၆ လုံး၊ ရှေ့ထွက်မိုင်း ၁၀ လုံး၊နင်းမိုင်း ၂၉ လုံး၊ Detonator(လက်ပစ်) ၃၇ ခု၊ Detonator (မိုင်း) ၄၅ ခု၊ ချပ်ဝတ်တန်ဆာ နှစ် ခုနှင့်ငွေကျပ် ၁၁၁၀၀ ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း MOD ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့က ကနီမြို့ပေါ်မှကင်းလှည့်ရန်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ကျောက်လုံးကြီး KLG တပ်မဟာနှင့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ် ဦးသေဆုံးခဲ့ကြောင်း သိရသည်။