ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်
ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကို လက်တုန့်ပြန်သည့် စစ်ဆင်ရေးအနေဖြင့် ကော့်သူးလေတပ်မတော် – KTLA၊ နေပြည်တော် PDF တော်လှန်ရေးတပ်ဖွဲ့များ၊ နေပြည်တော် UG များ တပ်ပေါင်းစုအဖွဲ့မှ နေပြည်တော် အေလာလေယဉ်ကွင်းကို ၁၀၇ မမ (107 mm) ရှော့တိုက်ဒုံးများဖြင့် ဧပြီလ ၁၆ ရက်နေ့ည ၁၂ နာရီခန့်တွင် ပစ်ခိုက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ကနဦးသတင်းများအရ လေယဉ်ဆီသိုလှောင်ရုံ၊ စစ်လေယဉ် လက်နက်သိုလှောင်ရုံဟုယူဆရသည့် သိုလှောင်ရုံတစ်ခုပေါက်ကွဲပျက်စီးပြီး လုံခြုံရေး တာဝန်ကျရဲ (၃) ယောက် သေဆုံးခဲ့ကြောင်း နေပြည်တော်လေတပ် တိုက်ခိုက်မှုစစ်ဆင်ရေးတွင် ပါဝင်သူများထံမှ သိရသည်။
“လေတပ်က ဆီလှောင်ကန်တွေမီးလောင်တော့ လေယာဥ်တွေ ချက်ခြင်း ညကြီးအချိန်မတော် ပျံတက်ပြေးကြတယ်။ လေယာဥ်တွေကိုပါ ဒုံးနဲ့အပစ်ခံရမှာ စိုးလို့ ပြေးကြတာ”ဟု နေပြည်တော်လေတပ် တိုက်ခိုက်မှုစစ်ဆင်ရေးတွင် ပါဝင်သူတစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။
စစ်ကောင်စီတပ်ဘက်မှ ညတွင်းနေပြည်တော်ရှိ တပ်အင်အားများစုစည်းပြီး လုံခြုံရေးဂိတ်များတွင် အင်အားတိုးမြှင့်မှုများ အရေးပေါ်ပြုလုပ်ခဲ့ရကြောင်း စစ်ကောင်စီတပ်နှင့်နီးစပ်သူများထံမှ သိရသည်။
#နေပြည်တော် #အေလာလေယဉ်ကွင်း #ပစ်ခတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times