ဧရာဝတီတိုင်းမ်
ဧပြီလ ၁၈ ရက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်ပြသူ သောမတ်အန်ဒရူးဟာ ဧပြီလ ၁၉ ရက်မှ ၂၈ ရက်အထိ ဂျပန်နိုင်ငံသို့ သွားရောက်မယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ အခြေအနေပိုဆိုးလာတာကြောင့် မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အကျပ်အတည်း ဖြေ ရှင်းရာမှာ ဂျပန်ခေါင်းဆောင်ပိုင်းက မရှိမဖြစ်လိုအပ်မှာဖြစ်ပါတယ်။ စစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက် တာနဲ့ နိုင်ငံရေးအကျဉ်းသားတွေ တိုးလာသလို လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် များလာပါတယ်” လို့ သောမတ်အန်ဒရူးက ဆိုပါတယ်။

“အာရှတိုက်ရဲ့ အင်အားကြီး ဒီမိုကရေစီဖြစ်တာကြောင့် ဂျပန်နိုင်ငံက မြန်မာ့အရေးဖြေရှင်းရာမှာ ဒေသ တွင်း ဉီးဆောင်မှုပေးနိုင်ပါတယ်။ ရက်စက်တဲ့ အာဏာသိမ်းစစ်ကောင်စီကို ထီးတည်းဖြစ်စေဖို့နဲ့ မြန်မာပြည်သူ တွေရဲ့ မဟာမိတ်ဖြစ်ပေးရာမှာ ဒီသြဇာအရှိန်အဝါကို အသုံးချပေးဖို့ ဂျပန်အစိုးရကို ကျွန်တော် တောင်းဆိုမှာဖြစ် ပါတယ်” လို့ သူက ဆိုပါတယ်။

သောမတ်အန်ဒရူးဟာ ဂျပန်အစိုးရကိုယ်စားလှယ်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအ ဖွဲ့တွေ၊ ဂျပန်ကုမ္ပဏီတွေနဲ့ ဂျပန်ရောက်မြန်မာတွေနဲ့ တွေ့ဆုံဖို့ တိုကျိုမြို့ကို သွားရောက်မှာဖြစ်ပါတယ်။

ဒါ့အပြင် သောမတ်အန်ဒရူးဟာ ကျိုတိုတက္ကသိုလ် အရှေ့တောင်အာရှရေးရာ လေ့လာရေးဌာနမှာ ဟော ပြောမှုတစ်ခုပြုလုပ်ဖို့ ကျိုတိုမြို့သို့လည်း သွားရောက်မှာဖြစ်ပါတယ်။

သောမတ်အန်ဒရူးဟာ သူရဲ့တွေ့ရှိချက်တွေကို မျှဝေဖို့ ဧပြီလ ၂၈ ရက် ဒေသစံတော်ချိန် မွန်းတည့် ၁၂ နာ ရီမှာ တိုကျိုမြို့ နိုင်ငံခြားသတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာဖြစ်ပါတယ်။

ကိုးကား – https://www.ohchr.org
Ref; UN Myanmar expert to visit Japan