ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်။
ဧရာ၀တီတိုင်း ပုသိမ်မြို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်၀န်းမှာ အရာရှိတွေ နေထိုင်တဲ့ တောင်ယာကုန်းကျေးရွာက ဗိုလ်ကြီးတစ်ဦးရဲ့ နေအိမ် ဧပြီလ ၁၆ ရက်နေ့ ဓားပြ တိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ကြီးတစ်ဦးရဲ့နေအိမ်ကို ဓားပြ တိုက်တဲ့သူဟာ တပ်သားတစ်ဦးဖြစ်ပြီး ဧပြီလ ၁၆(သင်္ကြန်အတက်နေ့) ည ၇ နာရီကျော်က ဓါးပြ ၀င်တိုက်ခဲ့တယ်လို့တပ်တွင်းနီးစပ်သူတွေက ပြောပါတယ်။
“ဗိုလ်ကြီးဆိုပေမယ့်သူက နတခ G3 တာ၀န်ယူနေတာ ဗိုလ်မှူးလစာစားနေရပြီ ညက သူ့အိမ်မှာ လေဖြတ်နေတဲ့အမေကြီးပဲရှိတာ၊ ဗိုလ်ကြီးနာမည်ခေါ်ပြီး၀င်တိုက်တာ အဖွားကြီးက ရုန်းလို့ဓါးထိသွားတယ် တိုက်တဲ့လူက ကင်းကျနေတဲ့ တပ်သား၊ ခုတော့ရိုက်စစ်နေတယ် ညတွင်းခြင်းမိတယ် သူခိုးထောင်ထွက်တွေ စစ်ထဲသွင်းတော့ ဒီလိုတွေဖြစ်လာတာပဲ”လို့ တပ်တွင်းနီးစပ်သူတစ်ဥိီးကပြောပါတယ်။
ဓါးပြ တိုက်ခံရတဲ့ ဗိုလ်ကြီး အောင်ကောင်းစံဟာ နတခ သင်္ကြန်ပိတ်ပွဲကိုစစ်တိုင်းမှူးနဲ့ အတူတက်ရောက်နေပြီး ည ၈ နာရီမှ နေအိမ်ကိုပြန်ရောက်လာပြီး ဓါးပြ တိုက်ခံရတာသိရှိပြီးနောက်မှာစစ်ကောင်စီတပ်များ၊ ရဲများနဲ့ စစ်တပ်နားက ကျေးရွာအုပ်ချုပ်ရေးမှူးတွေကိုခေါ်ပြီး အ၀င်အထွက်လမ်းများကိုခေါ်ယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
“ညက အုပ်ချုပ်ရေးမှူးတွေ အကုန်သွားရတယ် စစ်တပ်နားကရွာတွေ အ၀င်အထွက်တွေစစ်ဖို့၊ ဖြစ်တဲ့ နေရာက တောင်ယာကုန်းဆိုတာ စစ်တပ်အရာရှိပိုင်းတွေပဲနေတာ နတခ၀န်းထဲပဲ၊၂၄ နာရီမီးပေးထားတဲ့နေရာအပြင်လူတော့ လုပ်မှာမဟုတ်ဘူးထင်တယ်လို့ သုံးသပ်ကြတယ်၊ တော်သေးတယ်တရားခံမိသွားလို့ နို့မို့ ရွာကလူတွေ မတရားအဖမ်းခံရအုန်းမယ်”လို့ ကျေးရွာဒေသခံတစ်ဦးကပြောပါတယ်။
ဓါးပြ တိုက်မှုနဲ့ပါတ်သတ်ပြီး စစ်ကောင်စီတပ်တွင်း ကင်းတာ၀န်ကျတပ်သားများကို တန်းစီစစ်ဆေးခဲ့ရာမှာ တပ်သားတစ်ဦးကင်းချိန်မှာ ပျောက်ဆုံးနေပြီးဓါးပြတိုက်သူရဲ့ ပုံသဏ္ဏန်နဲ့တူနေတာကြောင့် စစ်ကောင်စီတပ်သားအား တစ်ညလုံးနီးပါး ရိုက်နှက်ကာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တပ်အချုပ်တွင်းမှာ ထားရှိထားကြောင်းတပ်တွင်းနီးစပ်သူတွေထံကနေသိရပါတယ်။
#ပုသိမ် #စစ်ဌာနချုပ် #ဗိုလ်ကြီးနေအိမ် #ဓားပြ တိုက် #Ayeyarwaddy_Times