ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်
စစ်တပ်က အာဏာသိမ်းပြီးနောက် ၂ နှစ်အကြာမှာ ဂျပန်ရေနံကုမ္ပဏီ ENEOS ဟာ မြန်မာနိုင်ငံရဲ့ စွမ်း အင်ကဏ္ဍ ရှာဖွေရေးနဲ့ထုတ်လုပ်ရေးမှ ထွက်ခွာမည့် လိုအပ်တဲ့လုပ်ငန်းစဉ်တွေ ပြီးစီးပြီလို့ ကြေညာပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ လုံခြုံရေးအခြေအနေက ဆိုးရွားလာ ခဲ့ပြီး ပြီးခဲ့တဲ့အပတ်အတွင်း မြန်မာစစ်တပ်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် လေကြောင်းတိုက်ခိုက်မှုတစ်ရပ် လုပ်ဆောင်ခဲ့ရာ အရပ်သား ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။
ဂျပန်နိုင်ငံမှ JX Nippon Oil & Gas Exploration က အစုရှယ်ယာ ၄၀ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ ENEOS ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration Myanmar (JXM) က ရဲတံခွန်ဓာတ်ငွေ့လုပ်ကွက်မှ နှုတ်ထွက် မယ့်အကြောင်းကို မလေးရှားကုမ္ပဏီ Petronas နဲ့ အခြားမိတ်ဖက်လုပ်ငန်းတွေကို ဒီလအတွင်း အကြောင်းကြား ခဲ့ပါတယ်။
ရဲတံခွန်စီမံကိန်းမှရရှိတဲ့ ဝင်ငွေတွေဟာ အာဏာသိမ်းစစ်ကောင်စီထံ ရောက်ရှိနေတယ်ဆိုတဲ့ ဝေဖန်မှု တွေကြောင့် အဆိုပါစီမံကိန်းမှ နှုတ်ထွက်တာလို့ ENEOS က ပြောပါတယ်။
အာဆီယံဥက္ကဌ အင်ဒိုနီးရှားနိုင်ငံကလည်း မြန်မာစစ်တပ်ရဲ့ ကန့်ဘလူလေကြောင်းတိုက်ခိုက်မှုအပေါ် ရှုတ်ချတဲ့ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။
အရပ်သားတွေအပေါ် အင်အားသုံးတာ အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်း အဆုံးသတ်ဖို့ အာဆီယံအဖွဲ့က တောင်းဆိုထားပြီး အကြမ်းဖက်မှု ရပ်ဆိုင်းမှသာ အားလုံးပါဝင်သော ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေ ပြုလုပ်နိုင်မယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက အရပ်သားတွေအများအပြား သေဆုံးတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပေ မယ့် မြန်မာ့အရေးဖြေရှင်းဖို့ ၂၀၂၁ ခုနှစ်မှာ ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အာဆီယံအဖွဲ့က ကိုင်စွဲ ထားဆဲဖြစ်ပါတယ်။
ကိုးကား – Up Stream
Ref; Japanese heavyweight completes Myanmar upstream exit