ဧရာဝတီတိုင်းမ်
ဧပြီလ ၁၇ ရက်

မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား သုံးထောင်ကျော်ကို လွှတ်ပေးမည်ဟု စစ်ကောင်စီမှ ဧပြီလ ၁၇ ရက် ယနေ့နံနက်ပိုင်းတွင် ကြေညာခဲ့သည်။

ယနေ့ ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့)တွင် နိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး၌ ပြစ်ဒဏ်ကျခံ‌ရသည့် အကျဉ်းသား ၃၀၁၅ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း စစ်တပ်ပိုင် မီဒီယာဖြစ်သည့် MRTV တွင်ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ကြေညာချက်တွင် လွတ်ငြိမ်းခွင့်ပြုသည့် အကျဉ်း သားများ နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်ကို ပါ ဆက်လက်ကျခံရမည်ဟုဆိုသည်။

ယခုလိုပြန်လွှတ်မည့်ထဲတွင် နိုင်ငံရေးအကျဉ်းသားများ ပါ၀င်ခြင်းရှိ၊ မရှိကိုတော့ မသိရှိရသေးပေ။

ဒါ့ပြင်စစ်တပ်က အာဏာသိမ်းပြီးနောက် မတရားဖမ်းဆီးခံထားရသည့် အကျဉ်းသား ၁၇၀၀၀ ကျော်ရှိကြောင် နိုင်ငံရအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှထုတ်ပြန်ထားသည်။

#မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် #အကျဉ်းထောင်များမှ #အကျဉ်းသားသုံးထောင်ကျော်ကို #ပြန်လွှတ်မည်ဟုစစ်ကောင်စီကြေညာ
#Ayeyarwaddy_Times