ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်
အမေရိကန်နဲ့တရုတ်နိုင်ငံတို့ဟာ ရာသီဥတုပြောင်းလဲမှုနဲ့ မြန်မာ့အရေးမှာ အတူလက်တွဲဆောင်ရွက်နိုင် တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် ဒါရက်ချိုလတ်ခ်က ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဆိုးရွားလာတဲ့ အခြေအနေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ အမေရိကန် နိုင်ငံက ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။
“မြန်မာနိုင်ငံ တည်ငြိမ်ရေးနဲ့ပတ်သက်လို့ တရုတ်နိုင်ငံနဲ့ ထိတွေ့ဆက်ဆံဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” လို့ ဒါရက်ချိုလတ်ခ်က ပြောပါတယ်။
လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ပြီးနောက် သူက အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ လူသားဘဝကို အလေးမထားတဲ့လုပ်ရပ်လို့ အမေရိကန်နိုင်ငံ က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီအတွက် ရန်ပုံငွေရရှိနေမှု ထိန်းချုပ်ဖို့ မြန်မာနိုင်ငံပိုင် ရေနံနဲ့ဓာတ်ငွေ့လုပ်ငန်း ကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်နိုင်ငံက စဉ်းစားနေတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။
စစ်ကောင်စီအပေါ် ဒဏ်ခခတ်အရေးယူတာတွေ ထပ်မံပြုလုပ်နိုင်စွမ်း ရှိ မရှိ မေးမြန်းရာမှာ “ကျွန်တော် တို့ စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုတွေ ထပ်မံပြုလုပ်ဖို့ ဆွေးနွေးနေပါတယ်။ စစ်ကောင်စီဟာ စွမ်းအင်ကနေ ငွေကြေး အမြောက်အများရရှိနေတာ မေးစရာမလိုပါဘူး” လို့ သူက ဆိုပါတယ်။
နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးနဲ့ အာရှ-ပစိဖိတ်ဒေသ ငြိမ်းချမ်းရေးကိစ္စကို အကြီး တန်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ ဒါရက်ချိုလတ်ခ်ဟာ စင်ကာပူကို ရောက်ရှိနေတာဖြစ်ပြီး တောင်ကိုရီးယားသို့ ဆက်လက်သွားရောက်မှာဖြစ်ပါတယ်။
ကိုးကား – Bloomberg
Ref; US Sees Door Open to China Talks, Cites Concerns Over Myanmar