ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းရှိရာနေရာတွေကို ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) ကစတင်ပြီး ၃ ရက်တာ ဘာမထီလက်နက်ကြီးပြောက်ကျားတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)မှာ မြိုင်တောင်ဘက်ရှိ စက်မူ ၂ (က.ပ.စ) စက်ရုံကို မြိုင် ပကဖ တပ်ရင်း ၁၊ ဘာမထီတပ်ဖွဲ့နဲ့ နယ်ခံမဟာမိတ်တွေပူပေါင်းတိုက်ခိုက်ခဲ့လို့ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဘာမထီတပ်ဖွဲ့က ပြောပါတယ်။

ဧပြီလ ၁၄ ရက် (သင်္ကြန်အကျနေ့)မှာလည်း မြိုင်မြောက်ဘက်မှာ သင်္ကြန်ပြုလုပ်နေတဲ့ ကန်နီပျူရွာ ပျူစောထီးတွေကို မြိုင်(ပ.က.ဖ) တပ်ရင်း ၁၊ ဘာမထီတပ်ဖွဲ့၊ ဦးလေးကြီးအဖွဲ့နဲ့ နယ်ခံမဟာမိတ်အဖွဲ့ ၁၅ ဖွဲ့က ပူပေါင်းပြီး တိုက်ခိုက်ခဲ့တယ် လို့ ကာကွယ်ရေတပ်ဖွဲ့ဝင်တွေက ဆက်လက်ပြောဆိုပါတယ်။

“သင်္ကြန်အ​ကြိုနေ့ကစပြီး ကျွန်တော်တို့ မနားပါဘူး၊ တိုက်ပွဲတွေဆက်တိုက်ဖော်ဆောင်နေတာပါ။ ။ ဘယ်သူတွေ ဘယ်လိုပျော်နေနေတော်လှန်သင်္ကြန်မို့ ဆက်ပြီးတော်လှန်နေတာပါ။ ဒီတိုက်ပွဲမှာ သူတို့ဘက်က အထိအခိုက်တွေလည်ရှ်ိသလို နေအိမ်တွေလည်းထိတယ်။ လက်နက်ကြီးကျည်ဆံတွေလည်း အတော်လေးထုတ်သုံးခဲ့တယ်” လို့ ဘာမထီလက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။

ဒါ့ပြင် ယမန်နေ့ (သင်္ကြန်အကြတ်နေ့) ကလည်း မြိုင်မြို့နယ်မှာအထိုင်ချတပ်စွဲထားပြီး သင်္ကြန်ကျင်းပနေတဲ့ ဝက်ပုတ်ရွာကို မြိုင်ပကဖ တပ်ရင်း (၁)၊ ဘာမထီတပ်ဖွဲ့နဲ့ နယ်ခံမဟာမိတ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။
#မြိုင် #ဘာမထီ #လက်နက်ကြီး #စစ်ကောင်စီ #တိုက်ခိုက်
#Ayeyarwaddy_Times