ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်

မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို ကမ္ဘာကျော် Time မဂ္ဂဇင်း၏ ၂၀၂၃ ခုနှစ် ကမ္ဘာ့ထိပ်တန်း လူပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ဖော်ပြထားပါတယ်။

Time မဂ္ဂဇင်းဟာ ကမ္ဘာတစ်ဝှမ်း နယ်ပယ်အသီးသီးက လွှမ်းမိုးမှုအရှိဆုံးလူပုဂ္ဂိုလ် ၁၀၀ စာရင်းကို နှစ်စဉ် ရွေးချယ်ရာမှာ ဒီနှစ်အတွက် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကို Leaders ကဏ္ဍမှာ အခြား ကမ္ဘာ့ခေါင်း ဆောင်တွေနဲ့အတူ ဖော်ပြခဲ့တာဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ အာဏာသိမ်းမှုနောက်ပိုင်း ဒီမိုကရေစီအတိုက်အခံတွေကို ရက်စက်စွာ နှိပ်ကွက်ခဲ့သလို ကျေးရွာသောင်းနဲ့ချီကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူတစ်သန်းကျော်ကိုလည်း အိုးအိမ်စွ့န်ခွာစေခဲ့သူဖြစ်ပါတယ်။

မင်းအောင်လှိုင်ဟာ ရခိုင်ပြည်နယ်ရှိ မွတ်ဆလင်များအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုအတွက် တာဝန်ရှိသူလို့ ကုလသမဂ္ဂက စွပ်စွဲထားပါတယ်။

Time မဂ္ဂဇင်းက ၂၀၂၃ ခုနှစ် ကမ္ဘာ့ထိပ်တန်းလူပုဂ္ဂိုလ် ၁၀၀ စာရင်းရဲ့ Leaders ကဏ္ဍမှာ ယူကရိန်းသမ္မတ ဇီလန်းစကီးရဲ့ ဇနီး အိုလီနာဇီလန်းစကီး၊ ဘရာဇီသမ္မတဟောင်း လူလာဒါဆေးလ်ဗား၊ အမေရိကန်အထက်လွှတ် တော်အမတ် မစ်မက်ကောနဲလ်၊ ဩစတြေးလျဝန်ကြီးချုပ် အန်တိုနီအယ်လ်ဘာနိစ်၊ အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်စခို့လ်တို့လည်း ပါဝင်ပါတယ်။

မင်းအောင်လှိုင်ကို အခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့မတူဘဲ မြန်မာနိုင်ငံအား ကမ္ဘာ့အထီးကျန်နိုင်ငံအဖြစ် ပြန်လည် ပို့ဆောင်ခဲ့သူ၊ ကမ္ဘာပေါ်မှာ တာလီဘန်တွေပြီးလျှင် ဒုတိယအဆိုးရွားဆုံး အာဏာရှင်စစ်ခေါင်းဆောင်အဖြစ် Time မဂ္ဂဇင်းက ဖော်ပြထားပါတယ်။

ကိုးကား – Time
Ref; The 100 Most Influential People of 2023