ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်

ဝန်ကြီးချုပ် ကီရှီဒါဖူမီယို မိန့်ခွန်းပြောကြားတော့မဲ့အချိန် ပိုက်နဲ့ပြုလုပ်ထားတဲ့ ဗုံးတစ်လုံးပစ်ခဲ့တဲ့ အမျိုး သားတစ်ဉီးရဲ့နေအိမ်ကို ဂျပန်ရဲတပ်ဖွဲ့က ရှာဖွေနေတယ်လို့ သိရပါတယ်။

မနေ့က ဖြစ်စဉ်အတွင်း ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေ အသုံးပြုခဲ့တာကြောင့် ခပ်ဝေးဝေးနေကြဖို့ ရဲတပ် ဖွဲ့က အဆိုပါအမျိုးသားရဲ့ အိမ်နီးချင်းတွေကို တိုက်တွန်းနေပါတယ်။ ဗုံးပစ်သူလို့ သံသယရှိသူ အသက် ၂၄ နှစ်အ ရွယ် ဟိုဂိုစီရင်စုနေ ကီမူရာရူဂျီကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

လာမယ့် အောက်လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲအတွက် ယှဉ်ပြိုင်နေတဲ့ ကိုယ်စားလှယ်လောင်း တစ်ဉီးအတွက် ထောက်ခံမှုရရှိဖို့ ဝန်ကြီးချုပ် ကီရှီဒါဟာ ဝါကာယာမာစီရင်စုရှိ ငါးဖမ်းဆိပ်ကမ်းတစ်ခုကို သွား ရောက်စဉ် အခုဖြစ်စဉ် ဖြစ်ခဲ့တာပါ။

ကီရှီဒါ မိန့်ခွန်းပြောကြားတော့မယ့်အချိန်မှာ လူထုပရိသတ်ကြားထဲကို ဗုံးလို့ယူဆရတဲ့ အရာဝတ္ထုတစ်ခု ပစ်သွင်းခဲ့တာပါ။

အခင်းဖြစ်ရာနေရာမှ ကီရှီဒါကို ချက်ချင်း ခေါ်ဆောင်သွားပြီး အန္တရာယ်ကင်းတယ်လို့ သိရပါတယ်။ ဗုံး ပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဉီး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူအုပ်ထဲပစ်သွင်းခဲ့တဲ့ အရာဝတ္ထုက ဝါယာကြိုးတစ်ခုနဲ့ချိတ်ဆက်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတစ်ခုလို့ စုံစမ်းစစ်ဆေးရေး သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

အခင်းဖြစ်ရာနေရာမှာ အရာဝတ္ထုနှစ်ခု တွေ့ရှိခဲ့ပြီး တစ်ခုက ပေါက်ကွဲကာ နောက်တစ်ခုကို သံသယရှိသူ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ စုံစမ်းစစ်ဆေးရးမှူးတွေက ပြောပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးတွေက ဖောက်ခွဲရေးပစ္စည်းတွေပြုလုပ်ထားပုံကို လေ့လာနေပြီး သံပိုက်လုံးနဲ့ပြု လုပ်ထားတဲ့ ဗုံးတွေလို့ သံသယရှိနေပါတယ်။

ကိုးကား – NHK
Ref; Police search home of suspected bomber of prime minister Kishida speech

#Ayeyarwaddy_Times