ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအနီး ပုသိမ် – ချောင်းသာကားလမ်းမဘေးက ချောက်ထဲမှာ မနေ့က ဧပြီလ ၁၅ ရက်(သင်္ကြန်အကြတ်)နေ့က သေဆုံးနေတဲ့ အမျိုးသား ၂ ဦးရဲ့ရုပ်အလောင်းကို တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မနက်အစောကြီး တောထဲသွားတဲ့လူတွေ တွေ့လာတာ။ တောဂေါ်လီ စားသောက်ဆိုင် ရှေ့က ချောက်ထဲမှာသေနေတာ။ ကြာပြီထင်တယ်။ မျက်နှာတွေတောင်ပျက်နေပြီး ဘယ်ကလူ ၂ ယောက်လဲမသိ။ အသက်၃၀လောက်ခန့်မှန်းရတယ် “လို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အမျိုးသား ၂ ဦးစလုံးဟာ အရိုးကျိုးတဲ့ဒဏ်ရာများနဲ့ သေဆုံးနေတာလို့သိရပြီး သင်္ကြန် အကျနေ့ ညကထဲ မော်တော်ယာဥ်တစ်စီးတိုက်မိတာဖြစ်နိင်ပြီး ချောက်ထဲကို ပစ်ချခဲ့တာဖြစ်နိုင်တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
” ဒီဘက်ရွာတွေက လူတွေကလဲ သူတို့ဘက်မှာလူပျောက်တာမရှိဘူး ဆိုင်ကယ်ချောက်ထဲကျရင်ဆိုင်ကယ်ပါတွေ့ရမှာ ခုက သူတို့ကတစ်ခြားနယ်ကဖြစ်ဖို့များတယ် ကားက တိုက်မိပြီး ရှင်းရမှာစိုးလို့ ချောက်ထဲပစ်ချခဲ့တာဖြစ်မယ်သူတို့ဆိုင်ကယ်ကိုလဲတစ်နေရာမှာ ပစ်ချခဲ့တာလို့ယူဆရတယ်”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
လက်ရှိမှာ ပိုင်ရှင်မဲ့ အမျိုးသား ၂ ဦးရဲ့ ရုပ်အလောင်းကို ပုသိမ်မြို့က လူမှုကူညီရေးအဖွဲ့ကားနဲ ဧပြီလ ၁၅ရက်နေ့ ညနေပိုင်းမှာ သွားရောက်တင်ဆောင်ပြီး ပုသိမ်ဆေးရုံ ရင်ခွဲရုံကိုပို့ဆောင်ထားရတယ်လို့ သိရပါတယ်။
#ပုသိမ် #ချောင်းသား #ကားလမ်း #ချောက် #ပိုင်ရှင်မဲ့ #ရုပ်အလောင်း
#Ayeyarwaddy_Times