ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်
မြန်မာ့အကျပ်အတည်း အဆုံးသတ်ဖို့နဲ့ အာဏသိမ်းစစ်ကောင်စီက ကျူးလွန်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံစေဖို့ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးတကြီး အရေးယူရမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှား အကြံ ပေးကောင်စီ (MAGM) ဥက္ကဌ ဒေါက်တာ ဆိုင်ယက်ဟာမက်အယ်လ်ဘာက ပြောကြားလိုက်ပါတယ်။
ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့တဲ့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဟာမက်အယ်လ်ဘာက ရှုတ် ချခဲ့ပြီး အရပ်သားတွေအပေါ် အင်အားသုံးတိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေနဲ့ လူ့အခွင့်အရေးကို ချိုးဖောက် တာလို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို MAGM က ရှုတ်ချခဲ့ပြီး မြန်မာပြည်သူတွေအပေါ် အကြမ်း ဖက်မှုတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။
“ငြိမ်းချမ်းရေး၊ တရားမျှတမှုနဲ့ ဒီမိုကရေစီရေး တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ကျွန်တော်တို့ အတူရပ်တည်ပါတယ်” လို့ သူက ဧပြီလ ၁၄ ရက်မှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာတာလျှော့ချဖို့ မအောင်မြင်တာဟာ အာဆီယံ ဘုံသ ဘောတူညီချက် ၅ ရပ် အလုပ်မဖြစ်ဘူးဆိုတဲ့ လက္ခဏာဖြစ်တယ်လို့ သူက ထောက်ပြပါတယ်။
“အပြစ်မဲ့ပြည်သူတွေ ထပ်မံ သတ်ဖြတ်မခံရမီ အရပ်သားတွေအပေါ် အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်း ရပ်တန့်ရေး စစ်ကောင်စီအပေါ် အပြင်းထန်ဆုံး ဖိအားပေးဖို့ အာဆီယံအဖွဲ့ဝင်အားလုံးကို ကျွန်တော်တို့ တောင်း ဆိုပါတယ်” လို့ ဟာမက်အယ်လ်ဘာက ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခကြောင့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အရပ်သားတွေအပေါ် စနစ်တကျ တိုက်ခိုက်မှု တွေ ဖြစ်လာခဲ့ရတယ်လို့ သူက ဆိုပါတယ်။
“အာဏာသိမ်းမှုနောက်ပိုင်း သတ်ဖြတ်ခံရသူ ၁၂၀၀ ကျော်ဟာ လက်နက်မဲ့ ဆန္ဒပြသူတွေ၊ ရပ်ကြည့်သူ တွေဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေဟာ ခြိမ်းခြောက်မှုမရှိတာတောင် လူသေစေနိုင်တဲ့လက်နက်တွေ အသုံးပြုခဲ့ ပါတယ်” လို့ သူက ပြောပါတယ်။
“ပဇီကြီးရွာအပေါ် လေကြောင်းတိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်း မြန်မာနိုင် ငံမှာ အကြမ်းဖက်မှုတေွ တိုးလာတဲ့ ဉပမာတစ်ခုဖြစ်ပြီး နိုင်ငံတက လူသားချင်းစာနာမှုဥပဒေနဲ့ ဂျီနီဗာကွန်ဗင်း ရှင်းကို ချိုးဖောက်ရာရောက်ပါတယ်” လို့ ဟာမက်အယ်လ်ဘာက ဆိုပါတယ်။
ကိုးကား – Bernama
Ref; International community must take urgent action to end Myanmar crisis – MAGM