ဧရာဝတီတိုင်းမ်
ဧပြီလ ၁၆ ရက်
အရပ်သားတေွ သေဆုံးခဲ့တဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုဟာ ပြစ်တင်ရှုတ်ချထိုက်တယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က ပြောကြားလိုက် ပါတယ်။
“အရပ်သားတွေအပေါ် တိုက်ခိုက်မှုလုပ်ဆောင်တာဟာ ပြစ်တင်ရှုတ်ချထိုက်ပြီး ခွင့်လွှတ်လို့မရဘူး” လို့ ဗီဗီယန်ခရစ်ရှနန်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်ဆိုတဲ့ အာဆီယံအဖွဲ့ ဥက္ကဌ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်ကို စင်ကာပူအစိုးရက ထောက်ခံတယ်လို့ သူက ဆိုပါတယ်။
အာဆီယံအဖွဲ့ ဥက္ကဌအနေနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ ထုတ်ပြန်ချက်မှာ အရပ်သားတွေအပေါ် အင်အားသုံး တိုက်ခိုက်တာတွေ အပါအဝင် အကြမ်းဖက်မှုပုံစံအားလုံး ချက်ချင်း အဆုံးသတ်ဖို့ တောင်းဆိုထားပါတယ်။
အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးမှုပြုလုပ်မှသာ မြန်မာအရေးမှာ တာရှည်ခံသော ငြိမ်းချမ်းသော အ ဖြေတစ်ခု ရှာနိုင်မယ်လို့ အာဆီယံအဖွဲ့ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့နဲ့ အတိုက်အခံ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စေ့စပ် ညှိနှိုင်းဖို့ အာဆီယံအဖွဲ့က တောင်းဆိုခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီက ငြင်းဆန်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးမြှင့်လာတဲ့အပေါ် အရေးမယူနိုင်တာနဲ့ပတ် သက်လို့ ကမ္ဘာ့နိုင်ငံတွေက အမြဲလိုလို ပြစ်တင်ခဲ့ပါတယ်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုလိုမျိုး အာဆီယံခေါင်းဆောင်တွေက မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ ကန့်လန့် ကာနောက်ကွယ်မှာ လုပ်ဆောင်ခဲ့တာတွေရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ကိုးကား – Mothership
Ref; Vivian Balakrishnan calls Myanmar airstrike that killed civilians ‘reprehensible’