ဧရာဝတီတိုင်းမ်
ဧပြီလ ၁၅ ရက်
ဧရာ၀တီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ စစ်သားစုဆောင်းရေးတပ် အနီးကဘန်ကာမှာ ဧပြီလ ၁၅ ရက်နေ့ ည ၇ နာရီ ၄၀ အချိန်ခန့်က ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
” မရမ်းချိုက သန်းကြွယ်လက်ဖက်ရည်ဆိင်မှာ ထိုင်နေတုန်း ပေါက်ကွဲသံအကျယ်ကြီးကြားလိုက်တယ် သွားတော့မကြည့်ရဲဘူး “လို့ ပုသိမ်မြို့ခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ ပါတ်သတ်ပြီး ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ (PSTF) ကစစ်ကောင်စီ ဘန်ကာကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။
“ဒီနေ့ညမစ်ရှင်က ထောင်ကြီးရဲ့ရှေ့အမြဲတမ်းစစ်ဆေးနေတဲ့ စစ်သားစုဆောင်းရေးရုံးရဲ့ထောင့်ကဘန်ကာကိုတိုက်ခိုက်ခဲ့တာပါ၊ထိခိုက်မှုအသေးစိတ်ကိုတော့ညမှောင်နေတဲ့အတွက်မသိရသေးဘူး၊ပြောက်ကျားတပ်ဖွဲ့၀င်တွေအားလုံး Save ဖြစ်တဲ့နေရာပြန်ရောက်သွားပါပြီ”လို့ ပုသိမ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့ (PSTF)တာ၀န်ခံကိုစစ်ရန်ရှင်းက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။
ပုသိမ်မြို့မှာ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ဧပြီလ ၅ရက်နေ့ကမြန်မာ့စီးပွားရေးဘဏ်က စစ်ကောင်စီ ဂိတ်ဘန်ကာ၊ဧပြီလ၁၁ရက်နေ့ညကမြို့တော်ခန်းမနဲ့ ပုသိမ်တံတားအနီး ကစစ်ကောင်စီရဲ့ ဘန်ကာတစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ပြှီးယခုတတိယအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။
ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့ (PSTF)အနေနဲ့ နောက်ပိုင်းမှာစစ်ကောင်စီတပ် ဂိတ်တွေကို အဓိကထားပြီးအခွင့်အရေးရတာနဲ့ဆက်လက်တိုက်ခိုက်သွားမယ်လို့ သိရပါတယ်။
#ပုသိမ်မြို့ #စစ်ကောင်စီတပ် #ဂိတ်ဗုံးကွဲ #မြို့ပြပြောက်ကျား #Ayeyarwaddy_Times