ဧရာဝတီတိုင်းမ်
(ရေး)၊ ဧပြီလ ၁၅ ရက်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ‌ကျုံလောင်းရွာဟောင်းအနီးရှိ မိုင်တိုင်တာဝါတိုင်အား ယမ‌န်နေ့ ဧပြီလ ၁၄ ရင်(သင်္ကြန်အကျနေ့) ည ၆ နာရီဝန်းကျင်တွင် Ye Special Tasks Force မှ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

ကျောက်မိချောင်း‌ကျေးရွာ(တောင်)နှင့် ကျုံလောင်းရွာဟောင်းအကြားရှိ မိုင်တဲတာဝါတိုင်အား စစ်အုပ်စု၏ စစ်တပ်စီးပွားရေးထောင့်တိုင်အား ဖြိုချသည့်အနေနှင့် တာဝါတိုင်ပြိုကျသည်အထိ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရသည်။

” မိုင်းမသုံးပဲ ဖြိုချခဲ့တာ။ သူတို့(စစ်ကောင်စီ)က တာဝါတိုင်ဝန်းကျင်မှာ ထောင်ထားတဲ့မိုင်းတွေကိုရှောင်ပြီး သေချာစနစ်တကျကိရိယာတန်ဆာပလာတွေနဲ့ အချိန်တစ်နာရီခွဲအကြာအချိန်ယူပြီး ဖြိုချခဲ့တာပါ။” YSTFအဖွဲ့ တာဝန်ရှိသူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အုပ်ချုပ်ရေးကြေညာထားသည့် ရေးမြို့နယ်အတွင်း မိုင်တဲတာဝါတိုင်ဖျက်ဆီးခြင်းများ မကြာခနဖြစ်ပွားနေပြီး ဧပြီလ ၁ ရက်‌နေ့ကလည်း YSTF အဖွဲ့မှ ရေးမြို့နယ်အတွင်းရှိ မိုင်တဲတာဝါတိုင်မှ ဂျန်နရေတာနှင့်ဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။
#ရေး #YSTF #မိုင်တဲတာဝါတိုင် #Ayeyarwaddy_Times