ဇွဲနိုင်/ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီလ ၁၅ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်အတွင်း ညောင်ပင်ကွင်းရွာအခြေစိုက်အမှတ်(၅၆၁)တပ်ရင်းမှ တပ်သား (၁)ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံCDM ပြုလုပ်၍ အလင်းဝင်လာကြောင်း ယနေ့ဧပြီလ ၁၅ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

ဧပြီလ ၁၄ ရက် နေ့သင်္ကြန်အကျနေ့တွင် အမှတ် (၅၆၁) တပ်ရင်းမှ တပ်သားတစ်ဦးသည် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံ MA-3 မောင်းပြန် တစ်လက်၊ကျည် ၂၀၀ တောင့်၊လက်ပစ်ဗုံး တစ်လုံးနှင့် ချပ်ဝတ်တန်ဆာအချို့ ပါဝင်ပြီး လက်နက်နှင့်အတူ အလင်းဝင်ကာ ခိုလှုံလာခြင်း ဖြစ်ကြောင်း သိရသည်။

“CDM ပြုလုပ်လာတဲ့ရဲဘော်ရဲ့ ဆန္ဒအရ သူ့ကိုလွတ်မြောက်နယ်မြေဒေသတစ်ခုသို့ ပို့ဆောင်လိုက်ပါပြီ”ဟု တနင်္သာရီတိုင်းပြည်သူကာကွယ်ရေးတပ်ဖွဲ့(People Defense Organization-Tanintharyi Division) မှ ပြန်ကြားရေးတာဝန်ခံမှ ဧရာဝတီတိုင်းမ် ကိုပြောသည်။

ယင်းအပြင် နောက်ထပ်ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာမည့် CDM တပ်သားများကိုလည်း နွေးထွေးစွာကြိုဆိုပြီး စောင့်ရှောက်ကူညီပေးသွားမည်ဖြစ်ကြောင်း အသိပေးပြောကြားထားသည်။

လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုလှုံလာသည့် အတွက် တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ၎င်းအား ဂုဏ်ပြုချီးမြှင့်ငွေအဖြစ် ကျပ်သိန်း(၃၀) ပေး အပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ – တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့
#တနင်္သာရီမြို့နယ် #စစ်ကောင်စီတပ်သား #CDM #Ayeyarwaddy_Times