ဧရာဝတီတိုင်းမ်
(မုံရွာ)၊ ဧပြီလ ၁၅ ရက်

စစ်ကိုင်းတိုင်းဒေသကြီး ၊မုံရွှာမြို့နယ်၊ စီးပွားရေး တက္ကသိုလ်(မုံရွာ)၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ယမန်နေ့ ဧပြီလ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင် Snipe Rangers Force (S.R.S.F) တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါအထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်အား ၆၀-မမ၊ ၈၀-မမ၊ ၉၀-မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာရရှိ သူများပြားခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ရာတွင် စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှရဲဘော်များအားလုံး လုံခြုံစွာပြန်လည်ဆုတ်ခွာနို င်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Snipe Rangers Force (S.R.S.F)တပ်ဖွဲ့ ၊ နွေဦးရဲဘော် တပ်ဖွဲ့ ၊ Peacock King တပ်ဖွဲ့ ၊ Black Dragon P.D.F ပျောက်ကျားတပ်ဖွဲ့၊ မုံရွှာ အမှတ် (၁)တပ်ရင်း ခွဲ-၄ (MPDF) ၊ မုံရွှာခရိုင် ရင်း (၂၇) ခွဲ-၂ ၊ God Of Snike တပ်ဖွဲ့ တို့မှ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားပါသည်။

#မုံရွာ #စီးပွားရေးတက္ကသိုလ် #စစ်ကောင်စီတပ် #တိုက်ခိုက် #၃ဦးသေ #PDF #Ayeyarwaddy_Times