ဧရာဝတီတိုင်းမ်
ဧပြီလ ၁၅ ရက်

ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ် ၊ ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာမှာက ဦးအောင်မျိုးလွင် ကို အမည်မသိအဖွဲ့က ဧပြီလ ၁၃ ရက်နေ့ ည ၉ နာရီအချိန်ကသေနတ်နဲ့ ၅ ချက်အပစ်ခံရတယ်လို့ဒေသခံတွေက ပြောပါတယ်။

ဦးအောင်မျိုးလွင်ဟာ ညဘက်ကျေးရွာက အရက်ဆိုင်က နေပြန်လာစဥ်မှာ သူ့ရဲ့နေအိမ်အရောက်မှာ လူငယ် ၃ ဦးက သေနတ်နဲ့ ၅ ချက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဝဲလက်ဖျံဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝမ်းဗိုက်အထက်ဝဲဘက်ဖောက်ဝင်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)တို့ရရှိခဲ့​တယ်လို့ ရဲတပ်ဖွဲ့နီးစပ်သူတွေကပြောပါတယ်။

“သူက အသက်ကတော့ ၅၀ နားကပ်နေပြီ။ လူငယ်တော့မဟုတ်ပါဘူး၊ ရေလုပ်ငန်းလုပ်တယ်။ ပိုက်တွေလဲပိုင်တယ်။ ဟိုင်းကြီးရေတပ်နဲ့တော့စီးပွားရေးအရအဆက်အသွယ်ရှိတယ်၊ သူစစ်တပ်သတင်းပေးလုပ်တာ မလုပ်တာတော့ ကျွန်တော်တို့သေခြာမသိပါဘူး။ သေနတ်မှန်တော့ ရေတပ်ကလူတွေချက်ခြင်းဆင်းလာတာတော့တွေ့တယ်”လို့ ဇီးချိုင်ကျေးရွာဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောပါတယ်။

ဦးအောင်မျိုးလွင်ဟာ စစ်ကောင်စီ ဒေါက်တိုင်ဖြစ်တာကြောင့် နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် SinYine Guerrilla၊ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defence Force (WCDF)၊ Yoma Annawah Defence Force (YADF)၊ Mountain Livil Defence Force (MLDF) မဟာမိတ်အင်အားစုများပူးပေါင်းကာ ရှင်းလင်းခဲ့တာလို့ Beach Defence Force (BDF)က သတင်းထုတ်ပြန်ထားပါတယ်။

ဦးအောင်မျိုးလွင်ဟာ က ဇီးချိုင်ကျေးရွာအုပ်စုတွင်းမှာ အကြမ်းဖက်စစ်တပ်နဲ့ ပေါင်းပြီး ဒေသခံပြည်သူတွေကိုဒုက္ခပေးတာတွေ တော်လှန်ရေးအင်အားစုတွေ ဖမ်းခံရအောင်မကြာခဏပြုလုပ်နေတာကြောင့်ခုလို ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သေနတ်ထိမှန်သွားတဲ့ ဦးအောင်မျိုးလွင်ကို စစ်ကောင်စီ တပ်က ဟိုင်းကြီးမြို့တပ်ဆေးရု(၅/၂၅)မှာ ကုသပေးနေပေမယ့် ဒဏ်ရာပြင်းထန်တာကြောင့်တ ပုသိမ်မြို့၊အနောက်တောင်တိုင်းစစ်ဌာနချုပ်က မဆရ(၄)ဆေးရုံကိုပြောင်းရွှေ့ကာ ကုသနေတယ်လို့ဒေသခံတွေ ကပြောပါတယ်။