ဧရာဝတီတိုင်းမ်
(တနင်္သာရီ)၊ ဧပြီလ ၁၄ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာ၊ သဲဖြူလမ်းဆုံတွင် ယမန်နေ့ ဧပြီလ ၁၃ ရက်နေ့က တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ‌တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ‌စစ်ကောင်စီဘက်မှဆုတ်ခွာခဲ့ရကြောင်း သိရသည်။

မောတောင်-သဲဖြူလမ်းဆုံတွင် စခန်းချနေသည့် စစ်ကောင်စီအင်အား ၁၀၀ ကျော်အား မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့ပြီး တနင်္သာရီဆေးရုံ၌ ဆေးကုသနေရကြောင်း သိရသည်။

“သဲဖြူမှာ စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးများပြီး ပြန်ဆုတ်သွားကြပြီ။ ထိခိုက်ဒဏ်ရာရတွေကို တနင်္သာရီဆေးရုံမှာ တင်ထားတယ်။ ‌တနသ်ာရီဆေးရုံမာအများကြီး ထိခိုက်ဒဏ်ရာရတွေ။ လမ်းဆုံမာချည်းကို ၂၀ ကျော် လောက်သေတယ်။ စနိုက်ပါထိတာကို ခုနှစ်ယောက်လောက်ရှိတယ်။” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ စခန်းချထားသည့်‌ေနရာအား စွန့်ခွာ ထွက်ပြေးခဲ့ပြီး အသုံးပြုပြီးသား ၆၀ မမလက်နက်ကြီး ၁၀၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်တွင်တိုက်ပွဲများဖြစ်ပွားနေသည်မှာ နှစ်ပါတ်ကျော်ကြာရှိနေပြီး ဧပြီလ ၈ ရက်နေ့ကလည်း မောတောင်-သဲဖြူလမ်းဆုံ၌ စခန်းချနေသည့် အဆိုပါစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလည်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

#တနင်္သာရီ #သဲဖြူလမ်းဆုံ #တိုက်ပွဲ #စစ်ကောင်စီ #တပ်ဆုတ် #Ayeyarwaddy_Times