ဧရာဝတီတိုင်းမ်
ဧပြီ ၁၄ ရက်

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ရှိ လ၀ကရုံး ဧပြီလ ၁၄ ရက်နေ့ (သင်္ကြန်အကျနေ့) ယနေ့ မွန်းလွဲပိုင်းအချိန်က ၀င်ရောက်တိုက်ခိုက်ခံရကြောင်း ဒေသခံများထံက သိရသည်။

နေ့လည် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ၀င်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ရဲတစ်ဦးသေဆုံးကြောင်းဒေသခံများမှပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ခရမ်း PDF အဖွဲ့မှ ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“တပ်ဖွဲ့ရဲဘော်တွေ ၀င်စီးနင်းတိုက်ခိုက်ခဲ့တာပါ။ သေနတ်နှစ်လက် သိမ်းဆည်းရမိတယ်။ လောဆယ် ရဲ တစ်ဦးသေတယ်လို့ သိရတယ်။ အခြားရဲတွေလည်းထိခိုက်တာ ရှိတယ်။ ရန်ကုန်ဘက်ကို အရေးပေါ်ကား ထွက်သွားတယ်လို့လည်း သိရတယ်”ဟု ခရမ်း PDF မှ ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့တိုက်ခိုက်မှုဖြစ်ပွားခဲ့သော်လည်း အခြားတပ်ဖွဲ့ ၀င်များမှ ပြန်လည်ပစ်ခတ်မှုများမရှိသည့်အတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့၀င်များ ထိခိုက်မှုမရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးသေဆုံးသည်မှာ မှန်ကန်မှုရှိကြောင်း ရဲတပ်ဖွဲ့၀င်နှင့် နီးစပ်သူတစ်ဦးမှ အတည်ပြုပြောသည်။

လက်ရှိတွင် ခရမ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့၀င်များမှ လူငယ်များကို အဓိကပစ်မှတ်ထား စစ်ဆေးမှုများပြုလုပ်နေပြီး လမ်းများကို ပိတ်ဆို့ ထားကြောင်း သိရသည်။

#ခရမ်းမြို့ #လဝကရုံး #ပစ်ခတ်တိုက်ခိုက်ခံရ #Ayeyarwaddy_Times