ဧရာဝတီတိုင်းမ်
ဧပြီလ ၁၄ ရက်
ရုရှားနဲ့စစ်ပွဲအတွက် အက်ဖ်-၁၅ နဲ့ အက်ဖ်-၁၆ ဂျက်တိုက်လေယာဉ်တွေ ထောက်ပံ့ပေးဖို့ ယူကရိန်းဝန် ကြီးချုပ် ဒန်းနစ်ရှမ်ဟဲလ်က အမေရိကန်နိုင်ငံကို အကူအညီတောင်းခံလိုက်ပါတယ်။
မနေ့က အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်မှာ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ ဆုံချိန်မှာ ယူကရိန်းဝန် ကြီးချုပ် ဒန်းနစ်ရှမ်ဟဲလ်က အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
“အမေရိကန်နိုင်ငံက ယူကရိန်းကို လုံခြုံရေးအကူအညီတွေ မြန်မြန်ဆန်ဆန် ဆက်လက်ပေးအပ်မှာဖြစ်ပါ တယ်” လို့ လွိုက်အော်စတင်က ပြောပါတယ်။
လာမယ့် နွေဉီးရာသီနဲ့ အလွန်ကာလအထိ ယူကရိန်းနိုင်ငံရဲ့ ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။
အမေရိကန်နိုင်ငံရဲ့ စဉ်ဆက်မပြတ် စစ်ရေးအကူအညီကြောင့် ကျေးဇူးတင်ရှိကြောင်း ဒန်းနစ်ရှမ်ဟဲလ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“ဒီစစ်ပွဲမှာ ကျွန်တော်တို့ အနိုင်ရရှိမှာဖြစ်ပါတယ်။ ဒီစစ်ပွဲကို မြန်မြန်ဆန်ဆန် အထိအခိုက်နည်းနည်းနဲ့ အနိုင်ရရှိဖို့ ယူကရိန်းနိုင်ငံက စစ်ရေးအကူအညီတေွ လိုအပ်နေဆဲဖြစ်ပါတယ်” လို့ ဒန်းနစ်ရှမ်ဟဲလ်က ဆိုပါတယ်။
ဂျက်တိုက်လေယာဉ်တွေအပြင် တာဝေးပစ်ဒုံးကျည်တေွ ထောက်ပံ့ပေးဖို့ ဒန်းနစ်ရှမ်ဟဲလ်က အမေရိကန် နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။ လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံက ယူကရိန်းသို့ အဆိုပါစစ်လက်နက်တွေ ထောက်ပံ့ပေးဖို့ သဘောမတူသေးပါဘူး။
ကိုးကား – NHK
Ref; Ukraine asks US to provide F-15, F-16 fighters