ဧရာဝတီတ်ိုင်းမ်
ဧပြီလ ၁၃ ရက်
စစ်တပ်အခြေစိုက်ရာ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်အကြိုနေ့မှာ ရေကစားမယ့်သူမရှိဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ကို စစ်ကောင်စီရဲ့ မိသားစုဝင်အသိုင်းအဝိုင်းက မြို့ခံတွေကို စည်းရုံးသိမ်းသွင်းခေါ်ယူထားပေမယ့် ယနေ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)မှာတော့ လာရောက်လည်ပတ်ဆော့ကစားသူမရှိခဲ့ဘူးလို့ သိရပါတယ်။
“ပြင်ဦးလွင်စတုဒီသာ မဏ္ဍာပ်အပြင် ရေကစားမဏ္ဍာပ်လည်းပါတယ်။ ခတ်တာက လမ်းလျှောက်သင်္ကြန်မှာ ရေဆော့မယ့်သူမရှိကြဘူး၊ နောက်ထပ် ချယ်ရီရုံရှေ့တောင်ကျောင်းကြီးဘုရားရှေ့မှာလည်း မုန့်လုံးရေပေါ်ကျွေးဖို့ ဇွတ်ခေါ်တာတောင် ဝင်ယူမယ့် မရှ်ိကြဘူး။ မြို့ခံတွေကို ရေလာကစားဖ်ို့ ခေါ်ထားပေမယ့် မလာကြဘူး” လို့ ပြင်ဦးလွင်မြို့ခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောပါတယ်။
စစ်ကောင်စီတပ် အခြေစိုက်တဲ့ ပြင်ဦးလွင်မြို့မှာ ပြုလုပ်တဲ့ လမ်းလျှောက်သင်္ကြန်ကို စည်စည်ကားကားနဲ့ ချမပြရရင် စစ်ကောင်စီအရာရှ်ိတွေရဲ့ ဖိအားတွေရှိလာမှကြောင့် စစ်တပ်အသိုင်းအဝိုင်းမိသားစုဝင်တွေက အခက်တွေ့နေတယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြင်ဦးလွင်လမ်းလျှေက်သင်္ကြန်မှာ ရေလာကစားသူနဲ့ လမ်းလျှောက်သူတွေ အချို့ဟာလည်း ပြင်ဦးလွင်စစ်တက္ကသိုလ် စာပေ (၂) က စစ်ကောင်စီတပ် မိသားစုတွေသာဖြစ်တယ်လို့ ပြင်ဦးလွင်မြို့ခံတွေကပြောပါတယ်။
#ပြင်ဦးလွင် #လမ်းလျှောက်သင်္ကြန်မှာ #ရေကစားမယ့်သူမရှ်ိလို့ #စစ်တပ်အသိုင်းကမိသားစုဝင်တွေအခက်တွေ့
#Ayeyarwaddy_Times