ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၁ ခုကို ဧပြီလ ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့တွေမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်လိုက်ပါတယ်။
ဧပြီလ ၁၂ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံ BGF စခန်းတစ်ခုဖြစ်တဲ့ သိန်းတန်ကုန်းစခန်းကို တက်ရောက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ တပ်သား ၁၀ ဦးသေဆုံးခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ BGF ကျောက်မိုင်းကုန်းစခန်းကို ဧပြီလ ၁၃ ရက်နေ့မှာ စနိုက်ပါနဲ့ ပစ်ခတ်ခဲ့မှုကြောင့် စစ်ကောင်စီလက်အောက်ခံ ၃ ဦးသေဆုံးခဲ့လို့ စစ်ကောင်စီဘက်နေ့ လက်နက်ကြီးတွေနဲ့ တစ့်နေကုန်ပစ်ခတ်တာတွေပြုလုပ်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၁၀ ရက်နေ့ကနေ ၁၃ ရက်နေ့ထိဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီလက်အောက်ခံ တပ်သား ၁၃ ဦးထိသေဆုံးခဲ့သလို လက်နက်ခဲယမ်းအမြောက်အများလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ကော်ဘရာစစ်ကြောင်းဘက်က တိုက်ပွဲတွေအတွင်း တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။
#ကော်ဘရာ #စစ်ကောင်စီတပ် #BGF #စခန်းသိမ်းတိုက်ပွဲ #Ayeyarwaddy_Times