ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်
ဘယ်လို အကြမ်းဖက်မှုမျိုး သို့မဟုတ် အရပ်သားတွေအပေါ် ရက်စက်တဲ့ ပြုမူဆက်ဆံမှုကိုမဆို မလေး ရှားနိုင်ငံက ဆန့်ကျင်တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဇမ်ဘာရီအဗ္ဗဒူကဒါက ပြောကြားလိုက်ပါတယ်။
ဒီနှစ် အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ မလေးရှား နိုင်ငံကို သတိပေးခဲ့တယ်လို့ ဇမ်ဘာရီက ဆိုပါတယ်။
“စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလွန်အမင်း စိုးရိမ်မိပြီး အင်ဒိုနီး ရှားနိုင်ငံက မကြာမီ ကြေညာချက်တစ်ရပ် ထုတ်ပြန်မယ်လို့ ကျွန်တော် ယူဆပါတယ်” လို့ သူက ပြောပါတယ်။
“မလေးရှားနိုင်ငံရဲ့ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတဲ့ ဘယ်လို အကြမ်းဖက်မှုမျိုး ကိုမဆို ဆန့်ကျင်ပါတယ်” လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဇမ်ဘာရီက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ဧပြီလ ၁၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာအပေါ် ကြောက်မတ်ဖွယ်ရာ လေကြောင်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ရာ ကလေးငယ်တွေ အပါအဝင် လူ ၁၀၀ ကျော် သေဆုံးခဲ့ပါတယ်။
ပကဖရုံးတစ်ခု ဖွင့်လှစ်ပွဲအတွက် ပဇီကြီးကျေးရွာအတွင်း လူ ၁၀၀ ကျော် စုဝေးနေစဉ် စစ်ကောင်စီ ဂျက် တိုက်လေယာဉ်တွေက ဗုံးကြဲကာ ရဟတ်ယာဉ်တွေက စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ကိုးကား – Bernama
Ref; Malaysia against any form of violence against civilians