ဧရာဝတီတိုင်းမ်
(ဟားခါး)၊ ဧပြီလ ၁၃ ရက်

ဖလမ်းမြို့မှ ဟားခါးမြို့ဘက်သို့ ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့က စတင်ထွက်ခွာလာခဲ့သော သံချပ်ကာ နှစ်စီး၊ JCB တစ်စီးနှင့် စစ်ကောင်စီယာဥ် ၂၅ စီးတို့ကို ချင်းအမျိုးသားတပ်မတော်(CNA) နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က အကုန်ဖျက်ဆီးနိုင်ခဲ့ကြောင်းသတင်းရရှိသည်။

မိုင်ပေါင်း ၄၀ သာကွာဝေးသော ဖလမ်း-ဟားခါးအကြားတွင် ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းကာကွယ်ရေးတပ်တို့က မိုင်းအပါအဝင် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သလို အကြိမ်ကြိမ်ကြားဖြတ်တိုက်ခိုက်မှုတို့ကြောင့် ဟားခါးမြို့မရောက်မီ အကုန်ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များထိခိုက်သေဆုံးမှုများပြားသောကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် အကြိမ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဖလမ်း-ဟားခါအကြားရှိ ပြည်သူနေအိမ်အများအပြားကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။
#ချင်းပြည်နယ် #ဖလမ်း #ဟားခါးအကြား #စစ်ကောင်စီယာဥ်တန်းများ #အကုန်ဖျက်ဆီးနိုင်ခဲ့