ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ ဧပြီလ ၁၃ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ကံပေါက်ဒေသမှာတော့ ဒီနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့ဟာ ဒီနှစ်မှာတော့ ရေကစားသူမရှိပဲ တိတ်ဆိတ် ခြောက်ကပ်နေပါတယ်။
ဒီနေ့ဟာ သင်္ကြန်အကြိုနေ့ဖြစ်ပေမယ့် ကံပေါက်ဒေသ ရဲ့ ရပ်ကွက် ၁၁ ရပ်ကွက် အပါအဝင် အခြားရွာတွေမှာလည်း ရေကစားသူတွေကို မတွေ့ရပါဘူးလို့ ဒေသခံတွေက ပြောပါတယ်။
“ကျနော်တို့ ကံပေါက်မှာ ဒီနေ့ရေကစားသူဘယ်သူမှမရှိကြပါဘူး။အားလုံးတိတ်ဆိတ်နေပါတယ်။လမ်းပေါ်မှာလည်းအသွားအလာမရှိကြပါဘူး။အိမ်ထဲမှာပဲ့နေနေကြတယ်”လို့ ကံပေါက် ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ၉ နာရီ ခန့်အချိန်မှစပြီး မောရဝတီရေတပ်က စစ်ကောင်စီတပ် ကား ၃ စီး နဲ့ ကင်းလှည့်တာတွေ လုပ်ဆောင်နေကြပြီး သစ်တောရုံးလမ်းဆုံ၊၂၇၃ လမ်းဆုံ၊ပြင်ကြီးလမ်းဆုံ အစရှိတဲ့နေရာများမှာတော့ စစ်ကောင်စီတပ် တွေရှိနေကြတယ်လို့ ဆိုပါတယ်။
ယနေ့ ကံပေါက် အခြေအနေကတော့ရေကစားသူမရှိ တဲ့အပြင် တိတ်ဆိတ်ခြောက်ကပ်နေတဲ့ လမ်းတွေကို ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်တွေ့ရမှာဖြစ်ပါတယ်။
#ကံပေါက် #သင်္ကြန်အကြိုနေ့ #မြင်ကွင်း
#Ayeyarwaddy_Times