ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

ဧရာ၀တီတိုင်း၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေကို လာရောက်လည်ပတ်သူတွေ များတာကြောင့် သင်္ကြန်အကြိုနေ့မှာ ပုသိမ်၊ချောင်းသာ၊ငွေဆောင်ကားလမ်းတွေမှာ ယာဥ်ကြောပိတ်တာတွေများနေပြီး ယာဥ်တိုက်မှုတစ်ချို့ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“အိမ်စီးကားတွေ အများဆုံး ဆင်းလာတာ၊ လမ်းကြောနားမလည်တော့ တိုက်ကုန်တာ၊ မြို့တွေမှာမလည်ပဲ ကမ်းခြေကိုဆင်းလာကာကြတာ၊ ဒီမနက် ငွေဆောင်လမ်းမှာ ကားတစ်စီးတိုက်ထားတယ်၊အသေအပျောက်တော့မသိရသေးဘူး”လို့ ပုသိမ်မြို့က ယာဥ်မောင်းတစ်ဦးကဧရာ၀တီတိုင်မ်းကိုပြောပါတယ်။ကောင်စီကျင်းပတဲ့သင်္ကြန်ပွဲတော်ကို မဆင်နွှဲဖို့ တောင်းဆိုမှုတွေရှိနေပေမဲ့ ချောင်းသာနဲ့ငွေဆောင်ကမ်းခြေမှာတော့ သင်္ကြန်ပွဲတော်ပိတ်ရက်အတွင်းကိုယ်ပိုင်မော်တော်ယာဉ်များနဲ့ ကမ်းခြေကို လာရောက်လည်ပတ်ကြတာဖြစ်ပြီး ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လူအများနဲ့စည်ကားနေတယ်လို့ ဒေသခံများကပြောပါတယ်။

#သင်္ကြန်ကာလ #ကမ်းခြေလာသူများပြား #ယာဥ်ပိတ်ဆို့ #Ayeyarwaddy_Time