ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

ကလေးငယ်တေွ အပါအဝင် အရပ်သား ၁၀၀ ထက်မနည်း သေဆုံးခဲ့တဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် မြန်မာပြည်သူတွေကို စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေမှ ကာကွယ်ပေးဖို့ နိုင်ငံတ ကာအသိုင်းအဝိုင်းက အရေးယူမှုတွေ လုပ်ဆောင်ကာ စစ်ခေါင်းဆောင်တွေကို တရားစွဲဆိုရမယ်လို့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြောကြားလိုက်ပါတယ်။

အပိုဒ် ၇ အရ အာဏာသိမ်းစစ်ကောင်စီကို အရေးယူမှုတွေပြုလုပ်ရေး စဉ်းစားဖို့ ဒီသီတင်းပတ်အတွင်း အ ရေးပေါ်အစည်းအဝေးတစ်ရပ် ဆင့်ခေါ်ဖို့ SAC-M က ထုတ်ပြန်ချက်တစ်ခုအတွင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကို တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံရတဲ့ တပ်မှူးတွေရဲ့ ခွင့်ပြုချက်မရှိဘဲ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လို့မရဘူးလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၁ ရက်မှာ ချမှတ်ခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံ ရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ နဲ့ မင်းအောင်လှိုင်ကိုယ်တိုင် ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်မှာ သဘောတူ ခဲ့တဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အရှက်မရှိ ချိုးဖောက်တာလို့ ထုတ်ပြန်ချက်က ပြောပါတယ်။

စစ်တပ်ရဲ့ အကျိုးစီးပွားတွေနဲ့ လေယာဉ်ဆီတင်သွင်းမှုအပေါ် ပစ်မှတ်ထား ဒဏ်ခတ်အရေးယူတာ၊ လက် နက်တင်ပို့မှုပိတ်ပင်တာနဲ့ မြန်မာ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ထံ လွှဲပြောင်းတာ အပါ အဝင် စစ်ကောင်စီက ဆုံးဖြတ်ချက်ကို လိုက်နာစေဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လုပ်ပိုင်ခွင့်အာဏာတွေကို အသုံးပြုရမယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

“ဒေသတွင်း အခြားအစိုးရတွေရဲ့ အကူအညီနဲ့ စစ်ကောင်စီကို အရေးယူဖို့ ဒီနှစ် မေလအတွင်းပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲကို အာဆီယံအဖွဲ့က အသုံးချရမယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အကူအညီလိုအပ်သူတွေထံ လူသားချင်းစာနာမှု အကူအညီ တိုက်ရိုက်ပေးအပ်တာ အပါအဝင် မြန်မာနိုင် ငံရှိ ဒီမိုကရေစီတော်လှန်ရေးတပ်ဖွဲ့တွေအတွက် အကူအညီပေးမှု တိုးမြှင့်ဖို့ လိုအပ်တယ်လို့ SAC-M က ပြောပါ တယ်။

အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတွေ မရပ်တန့်သရွေ့ မြန်မာ့အရေးအတွက် အဖြေရှိနိုင်မှာ မ ဟုတ်ဖူးလို့ SAC-M က ဆိုပါတယ်။

ကိုးကား – Bernama
Ref; International community must act now to protect Myanmar people – SAC-M