ဧရာဝတီတိုင်းမ်
ဧပြီလ ၁၃ ရက်

လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို ဆွစ်ဇာလန်နိုင်ငံက ရှုတ်ချလိုက်ပါတယ်။

“အရပ်သားတွေ အများအပြား သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးက မြန်မာစစ်တပ်ရဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေကို ဆွစ်ဇာလန်နိုင်ငံက ရှုတ်ချပါတယ်” လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ တွစ်တာ လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့နဲ့ ဒဏ်ရာရရှိတဲ့ပြည်သူတွေကို ဆေးကုသခွင့်ပေးဖို့ ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၁၁ ရက် မနက်ပိုင်းက ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာက ပကဖရုံးဖွင့်လှစ်ပွဲကို မြန်မာစစ်တပ် က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်တပ်က ပဇီကြီးကျေးရွာက ပကဖရုံးဖွင့်လှစ်ပွဲကို လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ချိန်မှာ အခမ်းအနား၌ လူ ၁၅၀ ဝန်းကျင်ရှိတယ်လို့ မြန်မာမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှာ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ ရွေးကောက်ခံအစိုး ရကို ဖြုတ်ချပြီးနောက်ပိုင်း မြန်မာနိုင်ငံဟာ ကစဉ့်ကလျားအခြေအနေ ဖြစ်နေတာပါ။

ကိုးကား – Anadolu
Ref; Switzerland condemns deadly Myanmar military airstrikes