ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်
ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ စစ်ကောင်စီတပ်က ပြုလုပ်တဲ့ သင်္ကြန်ပွဲတော် မဏ္ဍပ်တွေမှာ ဗုံးပေါက်ကွဲမှာကို ဒေသခံတွေစိတ်ပူနေတယ်လို့ သိရပါတယ်။
နိုင်ငဲရေးမတည်မငြိမ်ဖြစ်နေတဲ့ကာလမှာ စစ်ကောင်စီတပ်နဲ့ စစ်တပ်ထောက်ခံသူတွေပေါင်းပြီး သင်္ကြန်ကို ပြည်သူတွေလာအောင် မဏ္ဍပ်တွေထိုးပြီး စည်ကာအောင်ပြုလုပ်နေတာကြောင့် ဗုံးပေါက်ကွဲမှာကို စိတ်ပူနေတာလို့ ဒေသခံတွေကပြောပါတယ်။
” စစ်ကောင်စီက အုပ်ချုပ်ရေးမှူးတွေ အသစ်ခန့်ပြီး လုပ်ပိုင်ခွင့်တွေ အပြည့်ပေးထားတာ၊ တပ်ထောက်ခံတဲ့သူတွေ သတင်းပေးတွေပဲ ခုစည်ကားအောင် လုပိနေတာဆိုတော့ ဗုံးပေါက်ကွဲမှာ စိတ်ပူနေရတာ”လို့ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
မအူပင်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ပြုလုပ်တဲ့ သင်္ကြန်ပွဲမှာလည်း တိုးရွှေဝါခန်းမရှေ့မဏ္ဍပ်မှာ ဗုံးပေါက်ကွဲခဲ့တာကြောင့် အရင်နှစ်ကလိုမျိုး ဗုံးပေါက်ကွဲမှာကို စိတ်ပူနေရတာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် သင်္ကြန်မဏ္ဍပ်ဖြစ်စဥ်မှာလည်း စစ်ကောင်စီတပ်သာတွေက ဒေသခံပြည်သူတွေ စွပ်စွဲ ဖမ်းဆီးထောင်ချတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
#မအူပင်မြို့ #သင်္ကြန်မဏ္ဍပ် #စစ်ကောင်စီတပ် #ဗုံးခွဲ #Ayeyarwaddy_Times