ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာအပေါ် မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ဟာ ကြောက်မတ်ဖွယ်ရာကောင်းပြီး အရပ်သားတွေ သေဆုံး၊ ဒဏ်ရာရရှိပြီး နေအိမ်တွေ ပျက်စီးရတဲ့ စစ်ကောင်စီ ရဲ့ တရားမဝင် လေကြောင်းတိုက်ခိုက်မှုတွေဟာ အတိုက်အခံတွေကို ချေမှုန်းဖို့နဲ့ ပြည်သူတွေကို အကြောက်တ ရားသွတ်သွင်းတဲ့ အမှတ်သညှာတစ်ခုဖြစ်တယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) မှ လူ့အခွင့်အရေး သုတေသီ မွန်စီဖာရာက ပြောပါတယ်။
မြန်မာပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီရဲ့ အခုလိုမျိုး စက်ဆုပ်ဖွယ်နည်းဗျူဟာတွေရဲ့ဒဏ်ကို ခံနေရ တယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီရဲ့ မြန်မာနိုင်ငံတစ်ဝန်း အညှာအတာမဲ့
လေကြောင်းတိုက်ခိုက်မှုတွေဟာ လေယာဉ်ဆီတင် သွင်းမှု ရပ်ဆိုင်းဖို့ အရေးပေါ်လိုအပ်နေပြီဆိုတာ မီးမောင်းထိုးပြနေတယ်လို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့လက်ထဲ ရောက်ရှိနိုင်တဲ့ လေယာဉ်ဆီတင်ပို့တာတွေ ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေနဲ့ စီးပွား ရေးလုပ်ငန်းတွေကို နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီထံ လေယာဉ်ဆီတင်ပို့တာဟာ စစ်ရာဇဝတ်မှုတွေ အပါအဝင် နိုင်ငံတကာ လူသားချင်းစာနာ မှုဥပဒေကို ချိုးဖောက်ရာကျပြီး လူတွေရဲ့အသက်ကိုကယ်တင်ဖို့ လေယာဉ်ဆီတင်ပို့မှု ရပ်ဆိုင်းရေး လုပ်ဆောင်ရ မယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ဆိုပါတယ်။
“အဓိပ္ပာယ်ရှိတဲ့ အရေးယူမှုအချို့ လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ လုပ်ဆောင်ရပါမယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံက လူ့အခွင့် အရေး ချိုးဖောက်မှုတွေကို ဖြေရှင်းရာမှာ ဉီးဆောင်အခန်းကဏ္ဍမှ ပါဝင်ရမယ်” လို့ မွန်စီဖာရာက ပြောပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) သို့ လွှဲပြောင်းပေးတာ အပါအဝင် မြန်မာစစ်တပ် တာဝန်ခံစေရေး ထိရောက်တဲ့ အရေးယူမှုတွေပြုလုပ်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက နည်း လမ်းတွေ ရှာဖွေရမယ်လို့ သူက ဆိုပါတယ်။
ကိုးကား – https://www.amnesty.org
Ref; Myanmar: Urgent need to suspend aviation fuel as air strikes wreak havoc