ဧရာဝတီတိုင်းမ်
ဧပြီလ ၁၂ ရက်
မြန်မာစစ်တပ်ရဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ပဇီကြီးရွာအပေါ် လေကြောင်းတိုက်ခိုက်မှု ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က အပြင်းအထန် ရှုတ်ချလိုက်ပြီး တာဝန်ရှိသူတွေ တာဝန်ခံရမယ်လို့ ပြောရေးဆိုခွင့်ရှိသူက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေနဲ့အတူ ဝမ်းနည်းမိ ကြောင်း၊ ဒဏ်ရာရရှိသူတွေကို ဆေးကုသခွင့်နဲ့ အကူအညီပေးခွင့်ပြုသင့်ကြောင်း ဂူတာရက်စ်က ပြောပါတယ်။
ဂူတာရက်စ်က အကြမ်းဖက်မှုပုံစံအားလုံးကို ရှုတ်ချပြီး အရပ်သားတွေကို နိုင်ငံတကာ လူသားချင်းစာနာ မှုဥပဒေနဲ့အညီ ကာကွယ်ပေးဖို့ ထပ်လောင်းအတည်ပြုလိုက်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်း ချမှတ်ထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့အညီ မြန် မာနိုင်ငံတစ်ဝှမ်း အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ဂူတာရက်စ်က မြန်မာစစ်တပ်ကို ထပ်လောင်းတောင်းဆိုတယ် လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုသတင်းတွေက သူ့ကို တုန်လှုပ်စေတယ်လို့ ကုလသမဂ္ဂ လူ့အ ခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗော်လ်ကာတပ်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်က အရပ်သားတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိပေမယ့် မြန်မာစစ်တပ် က နိုင်ငံတကာဥပဒေကို မထီမဲ့မြင်ပြုခဲ့တယ်လို့ သူက ဆိုပါတယ်။
လူနေထူထပ်တဲ့ဧရိယာတွေအတွင်း အရပ်သားတွေ တိုက်ခိုက်ခံရမှုတွေကို ကြိုတင်ကာကွယ်နိုင်မယ့် ဖြစ် နိုင်ဖွယ်ရာနည်းလမ်းတွေအားလုံး လုပ်ဆောင်ကြဖို့ သူက သက်ဆိုင်ရာအဖွဲ့အစည်းတွေအားလုံးကို တောင်းဆို လိုက်ပါတယ်။
“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ အကြမ်းဖက် မှုအချို့က လူသားမဆန်သောရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေ မြောက်ပါတယ်” လို့ သူက ဆိုပါတယ်။
“လက်ရှိဆောင်ရွက်နေတဲ့ နိုင်ငံတကာ တရားစီရင်ရေးလုပ်ငန်းစဉ်တွေကြောင့် မြန်မာစစ်တပ်ခေါင်း ဆောင်ပိုင်းဟာ တစ်နေ့ သူတို့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံရမယ်လို့ ကျွန်တော် ခိုင်မာစွာ ယုံ ကြည်ပါတယ်” လို့ ဗော်လ်ကာတပ်ခ်က ပြောပါတယ်။
ကိုးကား – https://www.ungeneva.org
Ref; Myanmar: UN condemns deadly military airstrike on crowd of civilians