ဧရာဝတီတိုင်းမ်
(မော်လမြိုင်)၊ ဧပြီလ ၁၂ ရက်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သင်္ကြန်ကာလအတွင်း စစ်ကောင်စီမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား လူစည်ကားစေရန် ဖိအားပေးလုပ်ဆောင်ခိုင်းခြင်းများရှိနေသည်ဟု ဒေသခံများကညပြောသည်။

သင်္ကြန်ပွဲတော် စည်ကားစေရန်အတွက် စစ်ကောင်စီမှ သက်ဆိုင်ရာဌာနများနှင့် စီးပွားရေးလုပ်ငန်းရှင်များအား မော်လမြိုင်၊ ကမ်းနားလမ်းတွင် သင်္ကြန်မဏ္ဍပ်များ ဖိအားပေးဆောက်လုပ်ခိုင်းခဲ့ပြီး မဏ္ဍပ်စီစဉ်သူများမှ တစ်ရက် ၁သောင်းပေးမည်ဟုဆိုကာ ‌ရေပက်သူများလိုက်လံ စည်းရုံးလျက်ရှိကြောင်း သိရသည်။

“အောက်ဈေးမှာတော့ မဏ္ဍပ်မှာရေပက်ဖို့ တစ်ရက် ၁၀၀၀၀ ‌နဲ့အင်္ကျီတစ်ထည်ပေးမယ်ဆိုပြီး လိုက်ခေါ်နေတယ်ဆိုပြီး သိရတယ်။ သူတို့က ကမ်းနားလမ်းအနီးကရပ်ကွက်တွေကပြည်သူတွေကိုလိုက်ခေါ်နေတာ” ဟု မော်လမြိုင်အမှတ်(၂)ဈေးကြီးမှ ဈေးသည်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် စစ်ကောင်စီသည် မော်လမြိုင်မှဌာနဆိုင်ရာဝန်ထမ်းများအားလည်း ဌာနအလိုက်၊ အသင်းအဖွဲ့အလိုက် သင်္ကြန်ပွဲတော်တွက် မဖြစ်မနေပါဝင်ဆင်နွှဲကြရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

“ကမ်းနားလမ်းမှာတော့ မဏ္ဍ ၇ ခုလောက်တွေ့တယ်။ အများစုကဌာနဆိုင်ရာ နံမည်နဲ့မဏ္ဍပ်တွေပဲ။ စစ်ကောင်စီကနေပြီးတော့ ဌာနဆိုင်ရာဝမ်းထမ်းတွေကို လမ်းလျှောက်သင်္ကြန်မှာ မပါမဖြစ်ပါဖို့ညွှန်ကြားထားတယ်ဆိုပြီးသိရတယ်။” ဟု မော်လမြိုင်မြို့ပေါ်မှာ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ သင်္ကြန်ပွဲတော်အားစည်ကားစွာ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသော်လည်း မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအဖွဲ့အသီးသီးမှ သင်္ကြန်တွင်ပါဝင်ဆင်နွှဲခြင်းမပြုရန် သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် မော်လမြိုင်ကမ်းနားလမ်းတွင် ဆောက်လုပ်ထားသည့် မော်လမြိုင်စက်သံုးဆီ‌ေရာင်းဝယ်‌ရေးလုပ်ငန်းရှင်များမဏ္ဍပ်၌ ဧပြီလ ၁၁ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လက်လုပ်မိုင်းတစ်လုံးတွေ့ရှိခဲ့ကြောင်းလည်း ဒေသခံများထံမှ သိရသည်။

#မော်လမြိုင် #မဏ္ဍပ် #သင်္ကြန် #Ayeyarwaddy_Times