ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်

အမေရိကန်ဖျက်သင်္ဘောတစ်စင်းဟာ ဧပြီလ ၁၀ ရက်က တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်သော ရေကြောင်းမောင်းနှင်မှု စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ကြေညာပါတယ်။

ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ပြီးခဲ့တဲ့အပတ်အတွင်း အမေရိကန်နိုင်ငံမှာ ခရီးတစ်ထောက်နားကာ လော့အိန်ဂျလိစ်မြို့တော်မှာ အောက်လွှတ်တော်ဥက္ကဌ ကီဗင်မတ်ကာသီနဲ့ တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံက ထိုင် ဝမ်ကျွန်းအနီး စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာနဲ့ ဖျက်သင်္ဘောစေလွှတ်တာ တိုက်ဆိုင်နေပါတယ်။

အမေရိကန်ဖျက်သင်္ဘော USS Milius ဟာ တရုတ်နိုင်ငံက စစ်ဘက်စခန်းတွေ တည်ဆောက်နေတဲ့ စပ ရတ်တလီကျွန်းစုအနီး ဖြတ်သန်းမောင်းနှင်ခဲ့တယ်လို့ အမေရိကန် အမှတ် ၇ စစ်သင်္ဘောအုပ်စုက ဧပြီလ ၁၀ ရက် မှာ ကြေညာခဲ့ပါတယ်။

အဆိုပါဖျက်သင်္ဘောဟာ တရုတ်နိုင်ငံက လေယာဉ်ပြေးလမ်းတစ်ခု တည်ဆောက်ထားတဲ့ မစ်ရှိဖ် ကျောက်တန်းမှ ရေမိုင် ၁၂ မိုင်အတွင်း မောင်းနှင်ခဲ့တယ်လို့ အမေရိကန်ရေတပ်က ပြောပါတယ်။

အခုလို စစ်သင်္ဘောမောင်းနှင်တာဟာ နိုင်ငံတကာဥပဒေအရ ပင်လယ်ရေကြောင်းပိုင်နက်နယ်မြေ ချိုး ဖောက်တာမဟုတ်ဖူးလို့ အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

တောင်တရုတ်ပင်လယ်အတွင်း ရေကြောင်းပိုင်နက်နယ်မြေ တောင်းဆိုမှုတွေက လွတ်လပ်သော ရေ ကြောင်းမောင်းနှင်မှုအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ကိုးကား – NHK
Ref; US deploys naval destroyer to South China Sea amid China drills around Taiwan