ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်ရှိ ပဇီကြီးကျေးရွာကို ယနေ့ ဧပြီ ၁၁ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၆၀ ကျော်သေဆုံးပြီး ၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အဆိုပါ ဖြစ်စဥ်နှင့် ပတ်သတ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ ယာယီသမ္မတ ဒူဝါလရှိးလက ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ပြောဆိုလိုက်သည်။

“ကျွန်တော်တို့ရဲ့ တော်လှန်ရေးစိတ်ဓာတ်တွေဟာ နောက်ဆုတ်ယိမ်းယိုင်သွားမှာမဟုတ်ဘဲ အခုလိုဖြစ်ရပ်တွေက ကျွန်တော်တို့အားလုံးကို ဆထက်ထမ်းပိုး ဆက်လက်အားထုတ် တိုက်ပွဲဝင်သွားကြဖို့ ကြီးမားတဲ့ တွန်းအားဖြစ်ပါတယ်။ ကြေကွဲစရာဆုံးရှုံးမှုများအတွက် အလဟဿမဖြစ်စေရဘူးဆိုတာကိုလည်း ကျွန်တော်တို့ အလေးအနက်ပြောကြားလိုက်ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှိးလက ထုတ်ပြန်ချက်တွင် ရေးသားပြောဆိုထားသည်။

အသက်ဆုံးရှုံးသွားကြရသူများ၏ မိသားစုဝင်များနှင့်အတူ ထိခိုက်ကြေကွဲဝမ်းနည်းရကြောင်း စစ်ကောင်စီမှာ ၎င်းတို့၏ ဇာတိရုပ်ကို ထပ်မံဖော်ထုတ်ပြသလိုက်တာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်လွန်းတဲ့ စစ်ရာဇဝတ်မှုတခုကို ထပ်မံကျူးလွန်လိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

NUG အနေဖြင့်လည်း အာဏာသိမ်းစစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများ လုံးဝရပ်ဆိုင်းသွားသည်အထိ နေ့စဉ်နဲ့အမျှ အချိန်တိုင်း အားထုတ်ကြိုးပမ်းနေကြောင်းဆက်လက်ပြီး ပိုမိုအားထုတ်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းကတိပြုပြောဆိုထားသည်။

#ကန့်ဘလူ #စစ်ကောင်စီ #NUG #ယာယီသမ္မတ #ဒူဝါလရှီလ
#Ayeyarwaddy_Times