ဧရာဝတီတိုင်းမ်
ဧပြီလ ၁၁ ရက်
ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ဝေးလံခေါင်ဖျား ကိုကိုးကျွန်းပေါ်မှာ သူလျှိုစခန်းတစ်ခု ကူညီဆောက် ပေးနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်းတွေနဲ့ပတ်သက်လို့ အိန္ဒိယနိုင်ငံရဲ့ ပြောကြားချက်တွေကို တရုတ် နိုင်ငံက ငြင်းဆန်လိုက်ပါတယ်။
“ဒီသတင်းတွေက အဓိပ္ပာယ်မရှိပါဘူး” လို့ တရုတ်နိုင်ငံက ကိုကိုးကျွန်းပေါ်မှာ စစ်ကောင်စီကို သူလျှိုစ ခန်းတစ်ခု ကူညီတည်ဆောက်ပေးခြင်းရှိ မရှိ ဘလွန်းဘဂ်သတင်းဌာနရဲ့ မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက ငြင်းဆန်လိုက်ပါတယ်။
အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ကိုကိုးကျွန်းပေါ်မှာ ကြားဖြတ်နားထောင်စခန်းတစ်ခု တည်ဆောက်ရာမှာ တ ရုတ်အလုပ်သမားတွေက ကူညီနေတယ်ဆိုတာကို အဆင့်အသီးသီးရှိ အိန္ဒိယအစိုးရ ကိုယ်စားလှယ်တွေက စစ် ကောင်စီ တာဝန်ရှိသူတွေထံ ဂြိုဟ်တုဓာတ်ပုံတွေ မျှဝေခဲ့တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတွေက ပြောပါ တယ်။
တရုတ်နိုင်ငံက ကိုကိုးကျွန်းပေါ်မှာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ တည်ဆောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်က အဓိပ္ပာယ်မရှိဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
မြန်မာနိုင်ငံပိုင် ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီဆောက် ပေးနေတယ်လို့ အနောက်နိုင်ငံတွေရဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ ဖော်ပြပြီးနောက် အခုလိုသတင်းတွေ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်ခဲ့တာပါ။
အခုလိုသတင်းတွေကို မီဒီယာတွေက ဖော်ပြီးနောက် အိန္ဒိယနိုင်ငံက အန်ဒမန်နဲ့ နီကိုဘားကျွန်းသို့ ကြား ဖြတ်ဟန့်တာရေးစနစ်တွေ ပို့ဆောင်ခဲ့ပြီး အခြေအနေကို အနီးကပ် စောင့်ကြည့်မယ်လို့ ဆိုပါတယ်။
ကိုကိုးကျွန်းပေါ်မှာ တရုတ်နိုင်ငံက စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေ ကူညီတည်ဆောက်ပေးတာ ဟာ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုလို့ အိန္ဒိယမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား – Bloomberg
Ref; China calls report about spy post on Myanmar island ‘nonsense’