ဧရာဝတီတိုင်းမ်
ဧပြီလ ၁၀ ရက်
အာရှနဲ့ပစိဖိတ်ဒေသမှာ ဒီမိုကရေစီဟာ နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်ခံနေရပြီး ဟောင်ကောင်မှသည် မြန်မာနဲ့ထိုင်းနိုင်ငံရှိ ပြည်သူတွေဟာ ဒီမိုကရေစီ လွတ်လပ်ခွင့်တွေရရှိရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲတွေမှာ ပါဝင်ဖို့ အသက်စွန့်ခဲ့ရတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ပြောပါတယ်။
မြန်မာစစ်ကောင်စီက မတ်လ ၂၈ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို ဖျက်သိမ်းခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီက NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အတိုက်အခံ နိုင်ငံရေး သမားတွေကို စွဲချက်အမျိုးမျိုးနဲ့ ထောင်ချခဲ့ပါတယ်။
NLD အပါအဝင် အတိုက်အခံ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်းတာဟာ လွန်ခဲ့သော ၂ နှစ်က ရွေးကောက် ခံအစိုးရကို ဖြုတ်ချပြီးနောက် နိုင်ငံတကာ အသိအမှတ်ပြုမှုရရှိဖို့ စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲပြု လုပ်ဖို့ ကြိုးပမ်းမှုလည်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်း ကိုဖြိုးဇေယျာ်သော်နဲ့ ကိုဂျင်မီတို့ကို ကြိုး ပေးကွက်မျက်တာ အပါအဝင် မြန်မာစစ်တပ်ဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမဆန်သော ရာဇဝတ်မှုတွေ ကျူး လွန်ခဲ့ပါတယ်။
အခုလိုမျိုး ခြိမ်းခြောက်မှုတွေကို ဖြေရှင်းဖို့ သြစတြေးလျနိုင်ငံလိုမျိုး ဒီမိုကရေစီနိုင်ငံကတွေက ဆိုးရွား သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံစေရေး တွန်းအားပေးသင့်တယ်လို့ HRW က ဆိုပါတယ်။
အာရှ-ပစိဖိတ်ဒေသက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ သြစတြေးလျနိုင်ငံက ကုလ သမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ဉီးဆောင်မှုအခန်းကဏ္ဍ ယူသင့်တယ်လို့ HRW က ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းမှ တက်ကြွလှုပ်ရှားသူတွေ၊ ပြည်ပမှာ တိမ်းရှောင်နေရသူတွေ အပါအဝင် တိုက် ခိုက်ခံနေရတဲ့ သတင်းထောက်တွေအတွက် သြစတြေးလျနိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်သင့်တယ်လို့ HRW က ဆိုပါတယ်။
ကိုးကား – HRW
Ref; Australia Should Help Strengthen Democracy in the Region